တလွဲဆံပင်ကောင်း ကျောင်းတက်နေသူများ
ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၄ တစ်နေ့ ကချင်ပြည်နယ် ပန်ဝါမြို့သို့ကျွန်တော် အလည်သွားရာ လမ်းမှာတစ်ထောက်နား အဖြစ် ချီဖွေမြို့ရှိ စာသင်ကျောင်းတစ်ကျောင်း မှာတစ်ညအိပ်ခဲ့ပါတယ် … နောက်နေ့ ပန်ဝါမသွား ခင် ပြင်ဆင် စရာရှိတာပြင်ဆင်နေတုန်း ကျောင်းလာသော အသက် (၂၃)နှစ်ခန့်အရွယ် ဆရာမဟု ယူဆရသူ တစ်ဦးကို ပန်ဝါသို့သွားရင် ဘယ်လောက်ကြာမ လဲဟုမေးရာ သူမက “ ကျွန်မ ဆရာမ မဟုတ်ပါဘူး… ရှစ်တန်းကျောင်းသူပါ” ဟု ဖြေကြားရာ …ကျွန်တော်လည်းရယ်ချင်သွားတယ်။ ဘာလို့ ဒီအရွယ်ရောက် မှ ကျောင်းတက်တာလဲလို့ မေးကြည့်တော့ “ရွာမှာက KIA ခဏခဏ၀င်ဆွဲ တယ်လေ အခု စစ်ရှောင်စခန်းမှာ နေပြီးကျောင်းတက်နေတာက ထမင်းလည်း စားရတယ် ၊ တောင်ယာစိုက်စရာ လဲ မလိုတော့ဘူး၊ သေနတ်လည်း မကိုင်ရတော့ဘူး” ဟု အားတက်သရော ပြောနေသော ကလေး စကားသံကို ကြားခဲ့ရပါတယ်။ အော်…..KIAတွေ လူဝင်ဆွဲနေသမျှကာလပတ်လုံးတော့ ကချင်ပြည်နယ်ရှိ ကလေးသူငယ်များ အဖို့တော့ အချောင်နေ၊ အချောင်စားစိတ်ဓါတ်တွေ ကိန်းအောင်းသွားကြမှာ ကချင်ပြည်နယ်သား တစ်ဦးအနေဖြင့် စိုးရိမ်မိပါတော့တယ်။ ဇောင်းဒေါင် (ပန်ဝါ)
No comments:
Post a Comment