အမှန်တရားအတွက် ထပ်ဆင့်ဖြန့်တင်လိုက်ပါတယ်ဗျာ
့အရှင်ဝီရသူအပါအ၀င် သံဃာတော်တွေနိုင်ငံရေးဝင်ပါနေတာကို စော်ကားဝေဖန်အပုပ်ချနေတဲ့ ဒေါ်စုနောက်လိုက် NLDလေးတွေအတွက် NLDပါတီ နာယကကြီး ဦးဝင်းတင်သေခါနီးပြောသွားတဲ့စကားနဲ့ ပြန်သတိပေးပြောကြားလိုက်ပါတယ်။
NLD နာယကကြီး ဦးဝင်းတင်ဟာ သူမသေခင် သူကိုယ်တိုင် 22.02.2014 နေ့မှာပဲ ဆရာတော်ဝီရသူကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာခဲ့တယ်။ ကျောင်းရောက်လာတော့ ဟောဟဲ ဟောဟဲ ဖြစ်နေရှာတော့ ဆရာတော်က အအေးတိုက်ကြိုဆိုရာ ကျန်းမာရေးကြောင့် မသောက်ရဲတော့
ရေအေးအေးလေးပဲတိုက်တယ်။ ပီးတော့ နောက်မှီကုလားထိုင်နဲ့မှ အဆင်ပြေမှာမို့ ကုလားထိုင်နဲ့ပဲ ထိုင်ခိုင်းကာ ဆရာတော်ကို နိုင်ငံရေးထဲက သံဃာ့တော်တွေအရေးကို တိုက်ရိုက်လျှောက်ပါတော့တယ်။
ရေအေးအေးလေးပဲတိုက်တယ်။ ပီးတော့ နောက်မှီကုလားထိုင်နဲ့မှ အဆင်ပြေမှာမို့ ကုလားထိုင်နဲ့ပဲ ထိုင်ခိုင်းကာ ဆရာတော်ကို နိုင်ငံရေးထဲက သံဃာ့တော်တွေအရေးကို တိုက်ရိုက်လျှောက်ပါတော့တယ်။
လက်အုပ်ချီပြီး လျှောက်တဲ့စကား နားထဲမှ ကြာစယောင်နေဆဲပါ။
"မြန်မာ့နိုင်ငံရေးမှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်"တဲ့......"ပုဂံခေတ်က ရှင်ဒိသာပါမောက်တို့ ပံသုကူမထေရ်တို့မှ အစပြုပြီး သမိုင်းကြောင်းနဲ့ကို ချီပြီး လျှောက်တော့တာပါ။"
"မြန်မာ့နိုင်ငံရေးမှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်"တဲ့......"ပုဂံခေတ်က ရှင်ဒိသာပါမောက်တို့ ပံသုကူမထေရ်တို့မှ အစပြုပြီး သမိုင်းကြောင်းနဲ့ကို ချီပြီး လျှောက်တော့တာပါ။"
သံဃာတွေကို ဘာသာရေးပဲလုပ်ပါ။
နိုင်ငံရေးမှာ လာမရှုပ်ပါနဲ့တို့။
ဘုန်းကြီး ဘုန်းကြီးနေရာနေတို့။
ခွေးအလုပ် မြင်းဝင်မရှုပ်နဲ့တို့။
ဘာသာရေးနဲ့ နိုင်ငံရေး လာမရောနဲ့တို့- စတာတွေနဲ့ မြန်မာ့နိုင်ငံရေးလောကမှာ သံဃာတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ချောင်ထိုးနေကြချိန်မှာ သံဃာ့ကျေးဇူးကို အများရှေ့မှာ အတိအလင်း လျှောက်ရဲလို့ နဂိုရ်ထက်ပိုပြီး လေးစားမိသွားတယ်။

မြန်မာ့နိုင်ငံရေးသမားစစ်စစ်ကိုပြပါဆို ဘဘဦးဝင်းတင်က အတုယူစရာ လေးစားစရာ တကယ့်နိုင်င့အကျိုးကို ပေးဆပ်သူကြီးပါ။
ယခု ဒေါ်စုဘက်က nld ပေါက်စလေးတွေအတွက် အတုယူစေချင်တယ် အတုယူစရာပုဂ္ဂိုလ်ကြီးပါ။
ယခု ဒေါ်စုဘက်က nld ပေါက်စလေးတွေအတွက် အတုယူစေချင်တယ် အတုယူစရာပုဂ္ဂိုလ်ကြီးပါ။
ဘဘဦးဝင်းတင်ဟာကျန်းမာရေးမကောင်းတဲ့ ဒီလောက်အသက်အရွယ်ကြီးထိ ဒီလို ခရီးတွေထွက်နေရရှာခဲ့တယ်.....အမှန်တရားအတွက်ကြောက်ရွံ့နေတဲ့ nld တွေရှေ့ကနေ အမှန်တရားကို ရင်ဆိုင်ပြီး ဆရာတော်ဝီရသူနဲ့ လက်တွေ့ဆွေးနွေးခဲ့တာ တကယ့်နိုင်ငံအရေးအကျိုးလိုလားလို့ပါ။ ယခုဆရာတော်ကလည်း nld တွေသာမက မည်သူ့ကိုမဆို နိုင်ငံရေးအတွက်ကြိုဆိုလျှက် ဆွေးနွေးဖိတ်ခေါ်ခဲ့တာ အတိအလင်းကြေညာထားလျှက်ပါ။ ဒီလိုမှမဟုတ်ပဲ အဝေးတနေရာကနေ ဆရာတော်ဝီရသူကို ဝေဖန်အပုတ်ချနေတာ လရောင်ကိုခွေးဟောင်သလို သံဃာပြစ်မှားကံထိုက်တာအပြင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ယခု nld လိုလို ဘာလိုလို နိုင်ငံရေးသိသလိုလိုနဲ့ ဘာသာရေးအတိမ်အနက်ဘာမှနားမလည်ပဲ မိမိပါတီအာဏာရရေး(ဒေါ်စုသမ္မတဖြစ်ရေး)လောက် ၅၉(စ)၊ ၄၃၆ ပြင်ရေးလောက်သာ ချဉ်ခြင်းတက်ပီး အဓိကနိုင်ငံရေးဖြစ်တဲ့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရေးကိုသာ ဆောင်ရွက်နေတဲ့ သံဃာတော်တွေအပေါ် ဝေဖန်ဖို့မကြောက်၊ ဒေ၀ဒတ်လို့ပြောပြီးစော်ကားဖို့ ၀န်မလေးတဲ့ ဒေါ်စုနောက်လိုက် nld ပေါက်စလေးတွေ သိဖို့ကောင်းတယ်။
သူ့ကျွန်ဘ၀ကိုလိုနီခေတ်ထဲက နယ်ချဲ့တော်လှန်ရေးသံကို ဘာသာရေးနယ်ပယ်သံဃာတော်တွေဆီက စတင်ကြားခဲ့ရတာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ သံဃာတော်တွေရဲ့သြ၀ါဒကိုခံယူလျှက် နယ်ချဲ့ တော်လှန်ရေးအတွက် အမျိုးသားရေးစည်းရုံးခဲ့တာ ဒို့ဗမာအစည်းအရုံးထဲက ဗိုလ်ချုပ်အောင်ဆန်းတို့ မွေးထုတ်ပေးလို့ပေါ်ပေါက်လာခဲ့တယ် သံဃာ့နေရာကိုသိထား.....အဆိုးဆုံးတစ်အခုပြောလိုက်မယ်....လက်နက်ချသီပေါမင်းကို ခေါ်ဆောင်သွားပီးနောက် မြန်မာပြည်ကို စစ်ရေးအရသိမ်းယူပြီး နောက်ဆက်တွဲဘာသာရေးဖျက်သိမ်းဖို့ နန်းမြို့ရိုးထဲက ပိဋိကတ်စာပေတွေကို စိတ်ကြိုက်မီးရို့ နေတဲ့ ကိုလိုနီနယ်ချဲ့တွေကို နန်းတော်မြို့ရိုးပေါ်တလွှားလွှားနဲ့ကျော်ပြီး ဓားနဲ့ဝင်ခုတ်ခဲ့တာ ဘယ်သူတွေလဲ....သံဃာတော်တွေပဲ...နိုင်ငံနဲ့ လူမျိုးနဲ့တွဲလျှက်တည်ရှိနေတဲ့ ဗုဒ္ဓသာသနာအပေါ် ထိပါးလာရင် ဓားကိုင်ဖို့လည်း ၀န်မလေးခဲ့ဘူး၊ လူထွက်ဖို့ကြာနေလို့ ဒီသင်္ကန်းတွေနဲ့ပဲ စစ်ပွဲထဲထိဓားကိုင်ပြီး သာသနာ့ရန်စွယ်တွေကို ကာကွယ်ခဲ့တာ မင်းတို့ငါတို့ ဒီနေ့ဒီရက် ကမ္ဘာမှာမြန်မာဆိုနိုင် ရပ်တည်နိုင်ပြီး ဗုဒ္ဓကိုလက်အုပ်ချီနေနိုင်တာ မင်းတို့ဘာပြောဦးမလဲ??
အင်းစိန်ရွာမဆရာတော်ဘုရားကြီးဥက္ကဌအနေနဲ့ကြီးမှူးပြီး အရှင်ဝီရသူဦးဆောင်ပါဝင်နေတဲ့ မဘသကို လက်တွေ့လေ့လာ၊ မဘသလုပ်ငန်းစဉ်တွေကို သိအောင်လုပ်၊ လက်တွေ့ကျကျ သုံးသပ်ဝေဖန်။
အမေရိကန်မပြောနဲ့ တကမ္ဘာလုံးကိုစိန်ခေါ်နိုင်တယ် စိန်ခေါ်ရဲတယ်။ အဲဒါ မဘသပဲ။
အမေရိကန်မပြောနဲ့ တကမ္ဘာလုံးကိုစိန်ခေါ်နိုင်တယ် စိန်ခေါ်ရဲတယ်။ အဲဒါ မဘသပဲ။
မြန်မာ့အရေးမှာ သံဃာတော်တွေဟာ ထိပ်ဆုံးမှာရှိတယ်။ မြန်မာ့နိုင်ငံရေးထဲက သံဃာတော်တွေကို ဆွဲဖယ် ခွဲခုတ်လိုက်ရင် မြန်မာပြည်ကြီးဟာ ခေါင်းပြတ်နေတဲ့ ကိုယ်ကြီးပမာ အရုပ်ဆိုး အသက်ပျောက်သွားမယ်။ ဒါတွေကို သိနားလည်မှ နိုင်ငံရေးထဲဝင် နိုင်ငံရေးလုပ်။
ပုဆိုးနဲ့ အင်္ကျီပါမှ လူတောထဲ ပွဲဝင် ပွဲတက်ကြသလို အမျိုးဘာသာ သာသနာအရေးပါမှ ဘာသာရေးအတိမ်အနက်သိမှ ဒီနိုင်ငံရေးထဲဝင် ဒီနိုင်ငံရေးလုပ် ဒီနိုင်ငံရေးပြော......ဒီက မြန်မာနိုင်ငံ။
မျိုးစောင့်သူ
qwertyuioo
No comments:
Post a Comment