Monday, December 1, 2014

လက်ရှိ မြန်မာနိုင်ငံ၏ ပေါ်လစီ အရ ကား ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း ဂျပန်မှ ပြော

လက်ရှိ မြန်မာနိုင်ငံ၏ ပေါ်လစီ အရ ကား ထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း ဂျပန်မှ ပြော


Monday, December 1, 2014 လက်ရှိ မြန်မာနိုင်ငံ၏ ပေါ်လစီ အရ ကားထုတ်လုပ် နိုင်ခြင်း မရှိသေးဟု ဂျပန်နိုင်ငံမှ ပြောကြားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယ၀န်ကြီး ဦးပွင့်ဆန်းက ပြောသည်။ ယမန်နေ့က မော်တော်ယာဉ် တစ်ဦးချင်း တင်သွင်းခြင်း ကိစ္စနှင့် ယာဉ်လမ်းကြောများ ပိတ်ဆို့မှု ဆွေးနွေးပွဲတွင် အထက်ပါတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။တိုယိုတာ ကုမ္ပဏီက၂၀၁၃ မှာ လာပြီး ဥက္ကဋ္ဌနဲ့ ဆွေးနွေးတယ်။လက်ရှိ မြန်မာပြည်ရဲ့ ပေါ်လစီအရ မထုတ်လုပ် နိုင်သေးဘူးလို့ တောင်းပန်ပြီး ပြန်သွားရတယ် ဟု ၎င်းက ဆိုသည်။ ကမ္ဘာပေါ်တွင် မော်တော်ကား ထုတ်လုပ်မှု (၈ ဒသမ ၅) သန်းရှိသည့် အနက် အာဆီယံနိုင်ငံများ အနေဖြင့် ထုတ်လုပ်မှု (၄ ဒသမ ၅) သန်း ရှိပြီး ရောင်းချမှု (၃ ဒသမ ၅) သန်း ရှိကြောင်း၊ ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံမှ ရောင်းချမှု အဆင့် (၉)၊ အင်ဒိုနီးရှား နိုင်ငံမှ အဆင့် (၁၅)၊ မလေးရှား နိုင်ငံမှ အဆင့် (၂၇)နှင့် အခြားအာဆီယံ နိုင်ငံများမှ ရာခိုင်နှုန်း နည်းပါးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အရောင်းအ၀ယ် (၁၉) သန်း အမေရိကန်မှ ငါးသန်းနှင့် ဂျပန်နိုင်ငံမှ သုံးသန်းဖြင့် ရပ်တည်နိုင် ခဲ့ကြောင်း မော်တော်ကား ထုတ်လုပ် ရောင်းချသူများ အဖွဲ့ဝင် ဦးခင်မောင်ကျော်က ပြောသည်။ ရန်ကုန်မြို့တွင် ကားလမ်းများ ကျပ်တည်းမှု ဖြစ်ပေါ်နေ သော်လည်း ကားတင်သွင်းမှုကို ပိတ်ပင်ရန် မရှိကြောင်း၊ အခြေအနေ အရပ်ရပ် အပေါ် မူတည်ကာ ကန့်သတ်၍ တင်သွင်းမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောဆိုခဲ့ပြီး ၎င်းဆွေးနွေးပွဲသို့ တက်ရောက် လာသော အသင်းအဖွဲ့များ၊ ကား Show Room ဖွင့်လှစ် ရောင်းချသူ များက ၎င်းတို့၏ သဘောထား အမြင်များ ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူများ အသင်းမှ အိမ်ထောင်စု စာရင်း တစ်ခုလျှင် ကားပါမစ် တစ်ခုသာ လျှောက်ထားခွင့် ရှိသည်ဟူသော ပြောဆိုချက် အပေါ် တွင်လည်း တက်ရောက် လာသူများနှင့် အငြင်းပွားမှုများ ရှိခဲ့သည်။ The messenger

No comments:

Post a Comment