ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ကျန်းမာရေး မကောင်းဟု ဆိုခြင်းကို မိသားစုဝင် တစ်ဦး ငြင်းဆို
ယခင် အစိုးရ လက်ထက်က နိုင်ငံတော် အကြီးကဲ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ကျန်းမာရေး မကောင်း ဖြစ်နေသည် ဆိုခြင်းကို ၎င်း ၏ မိသားစုဝင် တစ်ဦး ဖြစ်သူ ဒေါက်တာ နေစိုးမောင် (ပြည်သူ့ ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်) က ငြင်းဆို လိုက်သည်။ ကျန်းမာရေး အခြေနေက ပုံမှန် အတိုင်း ကောင်းကောင်း မွန်မွန် ရှိနေ ပါတယ်။ အခု ပျံ့နှံ့ နေတဲ့ သတင်းတွေကို ကျွန်တော် တို့လည်း ကြားသိရ ပါတယ်။ ဒီသတင်း တွေက ကောလာဟလသာ ဖြစ်ပါတယ် ဟု ၎င်းက The Messenger Media သို့ ပြောသည်။ ယခု ရက်ပိုင်း အတွင်း လူမှု ကွန်ရက် စာမျက်နှာများ ပေါ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ ကျန်းမာရေး အခြေနေမှာ ကောင်းမွန်မှု မရှိဟု သတင်းများ ပျံ့နှံ့နေခြင်းနှင့် စပ်လျဉ်း၍ The Messenger Media ၏ မေးမြန်းမှုကို ၎င်းက အထက်ပါ အတိုင်း ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် သိသလောက် ကတော့ ကျန်းမာရေး ကောင်းပါတယ်။ အင်တာနက် စာမျက်နှာမှာ ပျံ့နှံ့နေတာ ကတော့ ကျွန်တော် မသိပါဘူး ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သည့် ဦးအောင်သိန်းလင်းက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြီးခဲ့ သည် ၂၀၁၀ ပြည့်နှစ် မတိုင်မီ ကာလအထိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲ များကို ကျင်းပပေးခဲ့သည်။ The Messenger
No comments:
Post a Comment