Friday, December 12, 2014

ဖားကန့်မြို့နယ်တွင် အဝတ်ဘိန်း ၇ဝ ဒဿမ ၃၃ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၄ ပြား ဖမ်းဆီးရမိ

ဖားကန့်မြို့နယ်တွင် အဝတ်ဘိန်း ၇ဝ ဒဿမ ၃၃ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၄ ပြား ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁ဝ ဒီဇင်ဘာ ၈ ရက်က မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာကျေးရွာသစ်နေ မဆိုင်းအောင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ ဝဲဘက်လက်အတွင်းမှ အဝတ်ဘိန်း ၇ဝ ဒဿမ ၃၃ ဂရမ် နှင့် မီးဖိုခန်းရှိ မီးသွေးအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၄ ပြား သိမ်းဆည်းရမိသဖြင့် မဆိုင်းအောင် (၃၃ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment