TNLA အဖွဲ့၏ လူသစ်စုဆောင်းမှုကြောင့် ဒေသခံလူငယ်များ တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖတ်ကာကျေးရွာ အတွင်းသို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှအတင်းအကြပ် လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် မှုများကြောင့် ဒေသခံ လူငယ်များ တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ယင်းဒေသခံ တစ်ဦးထံမှ သိရသည်။ TNLA အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခြင်းခံခဲ့ရသော လူငယ်များအနက် အချို့မှာ ထွက်ပြေး လွတ်မြောက် လာသော်လည်း ၄င်းတို့မိသားစုစီးပွားရေးကို ပြန်လည်လုပ်ကိုင်လိုသော်လည်း TNLA မှလာရောက် သတ်ဖြတ် မည်ကို စိုးရိမ်သောကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းနှင့် ပြီးခဲ့သော နိုဝင်ဘာလ အတွင်းမှာလည်း နမ့်ဖတ်ကာကျေးရွာ အတွင်းမှ ဒေသခံရွာသား (၅၀) ကျော်ကို TNLA ဖမ်းဆီး ခေါ်ဆောင်သွားရာ တွင်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဖမ်းဆီးခံ လူငယ် (၁) ဦး၏ ဖခင်တစ်ဦးမှ ပြောပြသည်။ ယခုကဲ့သို့ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းကို TNLA အနေဖြင့် မိုင်းယုလေးဈေးနေ့တွင် အများဆုံး လာရောက် ဖမ်းဆီးခေါ်ဆောင်လေ့ ရှိကြောင်း ဒေသခံရွာသားတစ်ဦးမှ ပြောသည်။ ထိုသို့ ဖမ်းဆီး ခေါ်ဆောင် ရာမှာ အသက်မပြည့်သေးသော လူငယ်ကျောင်းသားလေးများလည်း ပါဝင်ကြောင်းနှင့် TNLA မှဖမ်းဆီး ခေါ်ဆောင်သွားသော လူငယ်များကို KIA စစ်သင်တန်းကျောင်းတွင် တက်ရောက်ခိုင်းခြင်းကြောင့် လိုင်ဇာ သင်တန်းကျောင်းမှ သေဆုံးသူများထဲတွင် TNLA မှအများဆုံးပါဝင်နေခဲ့ခြင်း ဖြစ်တယ်လို့ ဆက်လက် ပြောကြားပါသည်။ TNLA အနေဖြင့် ကျေးရွာများအတွင်း အိမ်ခြေ (၁၀၀) ရှိလျှင် အယောက်(၂၀) ပေးရန် ညွှန်ကြားထားကြောင်း ပြန်ကြားရေးတာဝန်ခံ ပါပန်လ ပြောကြား ချက်အရ သိရ ပါသည်။ ထိုသို့ ခြိမ်းခြောက်မှုများကြောင့် ဒေသခံ မိသားစုဝင်များမှာ ယောက်ျားသားမရှိပဲ ၄င်းတို့၏ စားဝတ်နေရေးကို အမျိုးသမီးများ ကိုယ်တိုင် ဖြေရှင်း ဆောင်ရွက်နေရကြောင်း အမည်မဖော်လိုသူ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောကြားသွားသည်။ မိုင်းရဲကျော်စွာ TNLA အဖွဲ့မှ တုန်ဟုန်းကျေးရွာဘုန်းကြီးကျောင်းတွင် ရွာသားများအား အတင်းအဓမ္မ စုစည်း၍ ဆွေးနွေးပွဲ ပြုလုပ်စဉ် 
No comments:
Post a Comment