Saturday, December 20, 2014

ဆင်ခေါင်းခွေးချီ နိုင်ငံရေး

 ဆင်ခေါင်းခွေးချီ နိုင်ငံရေး

ဦးထင်လင်းဦး ကိစ္စကို …. မပြီးနိုင်မစီးနိုင် လုပ်နေကြတော့ …. နည်းနည်းတော့ ထပ်ပြောရအုန်းမယ် … လက်ရှိ အတိုက်အခံပါတီတွေ … ဖြစ်နေတဲ့  ပြသနာက …. ဆင်ခေါင်းခွေးချီ လုပ်ချင်နေတဲ့  ပြသနာပဲ …. ပိုတိကျအောင်ပြောရရင် … အတိုက်အခံပါတီတွေက လုပ်ချင်တယ်ဆိုတာထက် … အတိုက်အခံပါတီထောက်ခံသူ အုပ်စု …. အွန်လိုင်းပေါ်က ကိုဒီမို မဒီမိုများက … လုပ်နေတဲ့  သဘောရှိတယ် …. ကိုယ့် ကိုယ်ကိုတော့ … ကိုယ်ထောက်ခံတဲ့  ပါတီကို … Support လုပ်နေတယ် … ၀န်းရံနေတယ်လို့  ထင်နေကြပေမယ့် … တကယ်တန်းကတော့ … ကိုယ်တွေရဲ့  လုပ်ရပ်တွေက … ကိုယ့်ပါတီကို နစ်သထက်နစ်အောင် … ဒုက္ခရောက်အောင် လုပ်နေတယ်ဆိုတာကို … မရိပ်မိကြတာ အတော်ခက်တယ် …. မေးချင်တာက … ခင်ဗျားတို့ တွေ က ဘာလုပ်ချင်တာလဲ …? နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလား ? စီးပွားရေး ပြုပြင်ပြောင်းလဲမှုလား ? ဘာသာရေး ပြုပြင်ပြောင်းလဲမှုလား ? လူမှုရေး ပြုပြင်ပြောင်းလဲမှုလား ? ပြီးတော့ ဘယ်လောက် အတိုင်းအတာအထိ …. ပြုပြင် ပြောင်းလဲချင်တာလဲ ? ဘယ်လို ပြုပြင်ပြောင်းလဲမှာလဲ ? ဒါ သိပ်အရေးကြီးတဲ့  မေးခွန်းဖြစ်တယ် … အခု မြင်နေရတာကတော့ …. နိုင်ငံရေးပါး မ၀တာလား ? ဒါမမဟုတ် ပိန်းပဲ ပိန်းလွန်းတာလား မသိ … ဆင်ခေါင်းကို ခွေးချီသလို … မနိုင်မနင်း ကိစ္စကြီးတွေကို … ဇွတ် ဓားခုတ်ရာ လက်ဝင်ရှို နေကြတယ် …. ဥပမာ - အန်အယ်လ်ဒီ ပါတီက … ဦးထင်လင်းဦးကိစ္စဆိုရင် … ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က … သူ ဒီလို မပြောသင့်ဘူးလို့  ... မှတ်ချက်ပေးထားတာတောင် … ဇွတ်ကို ဦးထင်လင်းဦး မှန်ပါတယ် .... ထလုပ်နေတော့ … အာ့ဆို ခင်ဗျားတို့ ဟာက … ဒေါ်စုကို ၀န်းရံတယ်ဆိုတာ … ခပ်ပိန်းပိန်း ၀န်းရံတာလားလို့  … ပြန်မေးရမလို ဖြစ်နေတယ် … ၀ိနည်းတွေ ၊ ထေရ၀ါဒရဲ့ အနှစ်သာရတွေကို … ဒလစပ် ရွတ်ပြပြီး … ဗုဒ္ဓဘာသာဆိုတာ ဒါမျိုးမဟုတ်ဘူးလို့  … မဘသ တစ်ဖွဲ့ လုံးကို ရစရာမရှိအောင် … ကလော်တုပ်နေပေမယ့်လည်း …. မြန်မာ့ ယုံကြည်ကိုးကွယ်မှု ဘာသာရေးအဆောက်အအုံထဲမှာ … မိရိုးဖလာ အစဉ်အလာ နဲ့  … ရှေးပဝေသဏီထဲက ရှိခဲ့တဲ့  ဓလေ့ထုံးတမ်းတွေပါ … အခိုင်အမာ ရောယှက်ပါဝင်နေတယ်ဆိုတာကို … ၀န်းရံမယ်လို့ အော်နေတဲ့  လူတစ်ချို့ … မေ့လျော့နေကြပုံရတယ် …. ဒီ ဓလေ့ထုံးတမ်းတွေကို … သွားအံတုဖို့ ကြိုးစားမယ်ဆိုရင်တော့ … ခင်ဗျားတို့ လောက်မိုက်တဲ့ နိုင်ငံရေးလှုပ်ရှားသူမျိုး … ကမ္ဘာပေါ်မှာ မရှိဘူးလို့  မှတ်ချက်ပေးရမှာပဲ …. ခင်ဗျားတို့ က ဘာလုပ်ချင်နေတာလဲ …..? သာသနာ သန့် ရှင်းရေးလား ? မိရိုးဖလာဓလေ့ထုံးတမ်းတွေ မပါတဲ့ ... သာသနာတော် လား ? အရေးတကြီး ထပ်မေးရမယ့် ကိစ္စက … ဒီကိစ္စကြီးကို …. ခင်ဗျားတို့ ကိုင်တွယ်လို့ ရမယ်ထင်လား ? ဒီမေးခွန်းလေးရော ဖြေကြည့်စမ်းပါ … ဦးထင်လင်းဦး ဟောပြောချက်တွေကို … ခင်ဗျားတို့ ဖာသာ … ထေရ၀ါဒ နဲ့  ဘယ်လောက်ညီတယ်ပြောပြော …. မြန်မာပြည်ရဲ့  ၇၀ ရာနူန်းသော ... ကျေးလက်တောရွာတွေက … လက်ခံကြမယ် ထင်လား ? ခင်ဗျားတို့  လုပ်နေတဲ့  ကိစ္စတွေက ... မဲရဖို့  အရေးအကြီးဆုံး ဖြစ်တဲ့  … နိုင်ငံရေးပါတီတစ်ခု အပေါ်မှာ … စက္ကန့် နဲ့ အမျှ ရိုက်ခတ်နေတယ်ဆိုတာ ... ခင်ဗျားတို့ နားလည်ထားသင့်တယ် ... ခင်ဗျားတို့  အာရုံစိုက်ရမှာက …. ကိုယ့်ပါတီရွေးကောက်ပွဲ နိုင်ဖို့  … လုပ်နေတာက … ရွေးကောက်ပွဲ ကိစ္စမပါ … ကျန်တဲ့ ကိစ္စအားလုံး … ဒီလိုနဲ့  …. နောက်ဆုံး တဖြည်းဖြည်းနဲ့  … ခင်ဗျားတို့  ရလာတဲ့ နာမည်က … ငပွကြီး အုပ်စုဆိုတဲ့  … နာမည်သာ ဖြစ်လာခဲ့တယ် … စိတ်တော့မဆိုးနဲ့  …. ခင်ဗျားတို့  အတွက် ဆောင်ပိုဒ်လေး ပြင်ပေးမယ် … " အမေစုကို ခပ်ပိန်းပိန်း ၀န်းရံကြ " ( ရဲမိုး ) ( Photo credit - original uploader )

No comments:

Post a Comment