Thursday, December 4, 2014

မိုးညှင်းရဲစခန်းနှင့် တရားရုံးကို ပြည်သူများ ဝိုင်းထားသောမြင်းကွင်းများ မိုးညှင်းရဲစခန်းနှင့် တရားရုံးကို ပြည်သူများ ဝိုင်းထားသောမြင်းကွင်းများ မိုးညှင်းရဲစခန်းနှင့် တရားရုံးကို ပြည်သူများ ဝိုင်းထားသောမြင်းကွင်းများ မိုးညှင်းရဲစခန်းနှင့် တရားရုံးကို ပြည်သူများ ဝိုင်းထားသောမြင်းကွင်းများ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့မှာ ရဲစခန်းနှင့် တရားရုံး တရားသူကြီးအိမ်ကို ပြည်သူများ ဝိုင်းအုံ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ သက်ငယ်မုဒိမ်းမှုကို စီရင်ချက်ချရာမှာ ပြစ်ဒဏ်နည်းလို့ ဝိုင်းအုံ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 24.10.2014 ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြင့်မြတ်သဇင်တည်းခိုခန်းပိုင်ရှင် ဟာဂျီစံသိန်း ကျူးလွန်တဲ့ မုဒိမ်းမှုကို စီရင်ချက်ချခဲ့ရာ ပုဒ်မ နှစ်ခုပေါင်းမှ ၁၅ နှစ်ပဲချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။ ပဲခူးမြို့မှာ သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့သလို အခုလည်း ပြင်းပြင်းထန်ထန် ချစေချင်လို့ အတန်တန် သတိပေးထားပါလျက် ၁၅ နှစ်ပဲ ချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။ မိုးကောင်း မဘသ ဆရာတော်သံဃာတော်များနှင့် အမျိုးသား အမျိုးသမီး တစ်ရာကျော် အမိန့်ချပုံကို လာရောက်နားထောင်ခဲ့ကြပါတယ်။ မိုးညှင်းမြို့သူ/သားတင်မကဘဲ ကျေးရွာမှ ပြည်သူများပါ ချီတက်လာကာ ရဲစခန်းကို ဝိုင်းကြပါတယ်။ ဒီကနေ့ 4.12.2014 မွန်းလွဲ 1:00 ခန့်မှာ အမိန့်ချအပြီး ရဲစခန်းကို ဝိုင်းခဲ့ကြတာဖြစ်ပါတယ်။ ရဲစခန်းက “တရားရုံးနှင့်ပဲဆိုင်တယ်။ ရဲစခန်းနှင့် မဆိုင်ဘူး။ ဆန္ဒပြချင်ရင် တရားရုံးကို သွားပြ” လို့ ပြောလိုက်တဲ့အခါ လူထုကြီးက တရားရုံးကို သွားပြကြပါတယ်။ တရားသူကြီး ဖြုတ်ပေးဖို့ အော်သူကအော် မကျေနပ်ဖူးအော်သူကအော် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သံဃာတော်တွေတားမြစ်ခဲ့ကြပေမယ့် သံဃာက ဆယ်ပါးခန့်သာရှိပြီး လူအင်အားက တစ်ထောင်ခန့် ရှိတာကြောင့် တားမရဖြစ်ခဲ့တာပါ။ တရားသူကြီးက အိမ်ကိုထွက်ပြေးသွားတဲ့အခါ အိမ်ကိုဝိုင်းပြီး ဆန္ဒပြခဲ့ကြပြန်ပါတယ်။ ခဲတွေနှင့်လည်း ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ရဲတွေရောက်လာပြီး လူထုကြီးကို ရိုက်နှက်ဖြိုခွင်းကြပါတော့တယ်။ လူထုကြီးက တရားသူကြီး ခြံစည်းရိုးကာ သစ်သားချောင်းတွေကို ဖြုတ်ယူပြီး ရဲတွေကိုပြန်ရိုက်ကြပါတယ်။ ရဲအင်အားနည်းတော့ ရဲတွေ ထွက်ပြေးကြပါတယ်။ ရဲတွေက သေနတ်သုံးချက်ပစ်ဖောက် ခြောက်လှန့် ကြပါတယ်။ ဒီကနေ့ ညနေ 3:00 ခန့်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲကားတစ်စီး ပျက်စီးသွားပါတယ်။ ပြည်သူတွေက ရဲနှင့်တရားရုံးကို မကျေနပ်နေတာကြာပါပြီ။ မူးယဇ်သုံးစွဲသူတွေကိုကျတော့ ၁၇ နှစ်တို့ ၂၁ နှစ်တို့ မိုင်ကုန်ချခဲ့ကြလို့ပါပဲ။ တရားရုံး တရားသူကြီးနှင့် ရဲစခန်းကိုသာ ဝိုင်းတာမဟုတ်ဘဲ မူးယဇ်ရုံးကိုလည်း သွားဝိုင်းကြပါသေးတယ်။ နောက်ဆုံးမှာ လူငယ်လေးယောက်ကို ရဲကဖမ်းဆီးပစ်လိုက်ပါတယ်။ မိုးကောင်း မဘသ ဒုဥက္ကဋ္ဌဆရာတော် ဦးထေရာသဘ အတွင်းရေးမှူးဆရာတော်ဦးနန္ဒိယ အပါအဝင် မိုးကောင်းမဘသ ဆရာတော်(၇)ပါးနှင့် မိုးညှင်းမြို့ မဘသ ဆရာတော်များက ရဲစခန်းသို့ သွားရောက် ညှိနှိုင်းခဲ့ရာမှာ လူငယ်တစ်ယောက် ပြန်လွှတ်ပေးလိုက်ပါပြီ။ ည 6:00 နာရီခန့်မှာ အားလုံး ပြန်လည်တည်ငြိမ် အေးဆေးသွားတာဖြစ်ပါတယ်။ wira thu မင်းကျောင်း စန္ဒော မိုးညှင်းရဲစခန်းနှင့် တရားရုံးကို ပြည်သူများ ဝိုင်းထားကြ” ×××××××××××××××××××××××××××××× ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့မှာ ရဲစခန်းနှင့် တရားရုံး တရားသူကြီးအိမ်ကို ပြည်သူများ ဝိုင်းအုံ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ သက်ငယ်မုဒိမ်းမှုကို စီရင်ချက်ချရာမှာ ပြစ်ဒဏ်နည်းလို့ ဝိုင်းအုံ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 24.10.2014 ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ မြင့်မြတ်သဇင်တည်းခိုခန်းပိုင်ရှင် ဟာဂျီစံသိန်း ကျူးလွန်တဲ့ မုဒိမ်းမှုကို စီရင်ချက်ချခဲ့ရာ ပုဒ်မ နှစ်ခုပေါင်းမှ ၁၅ နှစ်ပဲချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။ ပဲခူးမြို့မှာ သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခဲ့သလို အခုလည်း ပြင်းပြင်းထန်ထန် ချစေချင်လို့ အတန်တန် သတိပေးထားပါလျက် ၁၅ နှစ်ပဲ ချလိုက်လို့ မကျေနပ်ကြတာ ဖြစ်ပါတယ်။ မိုးကောင်း မဘသ ဆရာတော်သံဃာတော်များနှင့် အမျိုးသား အမျိုးသမီး တစ်ရာကျော် အမိန့်ချပုံကို လာရောက်နားထောင်ခဲ့ကြပါတယ်။ မိုးညှင်းမြို့သူ/သားတင်မကဘဲ ကျေးရွာမှ ပြည်သူများပါ ချီတက်လာကာ ရဲစခန်းကို ဝိုင်းကြပါတယ်။ ဒီကနေ့ 4.12.2014 မွန်းလွဲ 1:00 ခန့်မှာ အမိန့်ချအပြီး ရဲစခန်းကို ဝိုင်းခဲ့ကြတာဖြစ်ပါတယ်။ ရဲစခန်းက “တရားရုံးနှင့်ပဲဆိုင်တယ်။ ရဲစခန်းနှင့် မဆိုင်ဘူး။ ဆန္ဒပြချင်ရင် တရားရုံးကို သွားပြ” လို့ ပြောလိုက်တဲ့အခါ လူထုကြီးက တရားရုံးကို သွားပြကြပါတယ်။ တရားသူကြီး ဖြုတ်ပေးဖို့ အော်သူကအော် မကျေနပ်ဖူးအော်သူကအော် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သံဃာတော်တွေတားမြစ်ခဲ့ကြပေမယ့် သံဃာက ဆယ်ပါးခန့်သာရှိပြီး လူအင်အားက တစ်ထောင်ခန့် ရှိတာကြောင့် တားမရဖြစ်ခဲ့တာပါ။ တရားသူကြီးက အိမ်ကိုထွက်ပြေးသွားတဲ့အခါ အိမ်ကိုဝိုင်းပြီး ဆန္ဒပြခဲ့ကြပြန်ပါတယ်။ ခဲတွေနှင့်လည်း ပစ်ပေါက်ခဲ့ကြပါတယ်။ ဒီအချိန်မှာ ရဲတွေရောက်လာပြီး လူထုကြီးကို ရိုက်နှက်ဖြိုခွင်းကြပါတော့တယ်။ လူထုကြီးက တရားသူကြီး ခြံစည်းရိုးကာ သစ်သားချောင်းတွေကို ဖြုတ်ယူပြီး ရဲတွေကိုပြန်ရိုက်ကြပါတယ်။ ရဲအင်အားနည်းတော့ ရဲတွေ ထွက်ပြေးကြပါတယ်။ ရဲတွေက သေနတ်သုံးချက်ပစ်ဖောက် ခြောက်လှန့် ကြပါတယ်။ ဒီကနေ့ ညနေ 3:00 ခန့်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲကားတစ်စီး ပျက်စီးသွားပါတယ်။ ပြည်သူတွေက ရဲနှင့်တရားရုံးကို မကျေနပ်နေတာကြာပါပြီ။ မူးယဇ်သုံးစွဲသူတွေကိုကျတော့ ၁၇ နှစ်တို့ ၂၁ နှစ်တို့ မိုင်ကုန်ချခဲ့ကြလို့ပါပဲ။ တရားရုံး တရားသူကြီးနှင့် ရဲစခန်းကိုသာ ဝိုင်းတာမဟုတ်ဘဲ မူးယဇ်ရုံးကိုလည်း သွားဝိုင်းကြပါသေးတယ်။ နောက်ဆုံးမှာ လူငယ်လေးယောက်ကို ရဲကဖမ်းဆီးပစ်လိုက်ပါတယ်။ မိုးကောင်း မဘသ ဒုဥက္ကဋ္ဌဆရာတော် ဦးထေရာသဘ အတွင်းရေးမှူးဆရာတော်ဦးနန္ဒိယ အပါအဝင် မိုးကောင်းမဘသ ဆရာတော်(၇)ပါးနှင့် မိုးညှင်းမြို့ မဘသ ဆရာတော်များက ရဲစခန်းသို့ သွားရောက် ညှိနှိုင်းခဲ့ရာမှာ လူငယ်တစ်ယောက် ပြန်လွှတ်ပေးလိုက်ပါပြီ။ ည 6:00 နာရီခန့်မှာ အားလုံး ပြန်လည်တည်ငြိမ် အေးဆေးသွားတာဖြစ်ပါတယ်။ wira thu

No comments:

Post a Comment