ခရစ္စမတ်မတိုင်မီ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးစာချုပ် (မူကြမ်း) ဆွေးနွေးမှု ပြန်လည်စတင်နိုင်ရန် ညှိနှိုင်းမှုများပြုလုပ် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ်၏ တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ--UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် ခရစ္စမတ်မတိုင်မီကာလအတွင်း ရန်ကုန်မြို့ ရွှေလီ လမ်းရှိ မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်နိုင်ရန်အတွက် နှစ်ဖက်အကြား ညှိနှိုင်းမှုများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်လျက်ရှိကြောင်း MPC မှ သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့၏ လတ်တလောဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးအစီအစဉ် များအကြောင်း သိရှိနိုင်ရန်အတွက် MPC မှ တွဲဖက်ဒါရိုက်တာ ဦးအောင်နိုင်ဦးအား မြန်မာ့သတင်းစဉ် (ပြည်တွင်း)က သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ မေး။ ။ အခု ချင်းမိုင်မှာ နိုဝင် ဘာ ၃ဝ နဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ NCCT နဲ့ဆွေးနွေးပွဲလုပ်နေတယ် လို့ ကြားသိရပါတယ်။ အဲဒါက ဘယ်အခြေ အနေရှိပါသလဲ။ ဖြေ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကတည်းက ကျွန်တော်တို့ MPC က ချင်းမိုင်သွားပြီး ၂၉ ရက် ညကမှ အကုန်လုံးပြန်လာကြ တာ။ အခြေအနေကောင်းပါတယ်။ ပြီးတော့ နောက်ထပ်တစ်ရက်၊ နှစ်ရက်နေရင် ထပ်သွားမယ်။ ဘာလို့လဲဆိုတော့ ပထမမှန်းထား တာက NCCT အစည်းအဝေးအမီ သွားမယ်ဆိုပြီးတော့ မှန်းထားတာ။ ဒါပေမယ့် NCCT အစည်းအဝေးက နောက်ကျသွားတယ်။ နောက်ကျရ တဲ့ အကြောင်းရင်းက ထိုင်းနိုင်ငံ အစိုးရက ကျပ်ကျပ်တည်းတည်း ရှိလာပြီ။ သူ့နိုင်ငံထဲမှာ လက်နက် ကိုင် တိုင်းရင်းသားတွေကို အစည်း အဝေးလုပ်တာတွေ ဘာတွေကို ခွင့်မပြုချင်တော့ဘူး။ အဲ့ဒီလိုခွင့် မပြုတဲ့အခါကျတော့ သူတို့လုပ်နိုင် ဖို့အတွက် ဝန်ကြီးဦးအောင်မင်း တို့ကနေပြီးတော့ ထိုင်းနိုင်ငံကို တရားဝင်စာပေးပြီးတော့ ပြည်သူ တွေကို ခွင့်ပြုပေးပါဆိုပြီး အကြောင်းကြားရတယ်။ စာပေး တာနဲ့ဘာနဲ့ဆိုတော့ ကြားမှာဗျူရို ကရေစီကရှိတော့ တစ်ရက်နှစ်ရက် နောက်ကျသွားတယ်။ အဲဒါအတွက် ဒီကနေပြီးတော့ တစ်ဖွဲ့လုံးနီးပါး သွားဆွေးနွေးကြမယ်။ မေး။ ။ ပြီးခဲ့တဲ့လအတွင်း ပြည်တွင်းမှာ အငြင်းပွားစရာ ပဋိ ပက္ခအသေးလေးတွေ ဖြစ်ပွား ခဲ့ တယ်။ တစ်ချိန်တည်းမှာပဲ MPC မှာပြုလုပ်နေကျ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကလည်း ကျင်းပဖို့ ကြန့်ကြာတယ်ပေါ့။ ဒီတော့ ငြိမ်းချမ်းရေး ဆောင်ရွက်နေ မှုက နောက်ကို ပြန်ဆုတ် သွားမယ်၊ ဆွေးနွေးပွဲတွေ မလုပ်ဖြစ်တော့ဘူး ဆိုတဲ့ စကားသံတွေလည်း ထွက်ပေါ် နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရော။ ဖြေ။ ။ နံပါတ်(၁)ကတော့ ဘယ်သူ ကမှ ငြိမ်းချမ်းရေးကို တရားဝင် ကျော ခိုင်းသွားတာမရှိသေးဘူး။ အားလုံးက ငြိမ်းချမ်းရေးကိုလုပ်မယ်။ မရ ရအောင်လုပ်မယ်။ လက်မှတ်ထိုး မယ် ပြောထားပြီးသားဖြစ်တယ်။ ဒါ ပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေက အင်မတန်မှကို ရှုပ်ထွေးတယ်။ ဆွေးနွေးရမယ့် အဖွဲ့တွေကများတယ်။ ဒီတော့ အခက်အခဲတွေကရှိတယ်။ ခက်တာတွေ ဆွေးနွေးကြပြီဆိုရင် ဒီလိုမျိုးဖြစ်တတ်တာပဲ။ ကျွန်တော် နားလည်သလောက် ဆိုရင် အဓိကပြဿနာက ဖက်ဒရယ် တပ်မတော်ပြဿနာပေါ့။ ကျွန်တော် တို့နိုင်ငံမှာက ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ရှိတာကိုး။ ဖက်ဒရယ် စနစ်အောက်မှာ ဖြစ်လာနိုင်တာက ဖက်ဒရယ်စနစ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ တပ်မတော် ဒါမှမဟုတ် တစ်ခုခုပေါ့။ ဒါပေမယ့် တိုင်းရင်းသား တွေဘက်ကလည်း စိုးရိမ်တဲ့ အချက်ရှိတဲ့အခါကျတော့ အစဉ် အတိုင်းဆိုရင် ဖက်ဒရယ်စနစ်ကို အရင်မဆွေးနွေးဘဲ တပ်ကိစ္စကို အရင်ပြောတာရှိတယ်။ အစဉ်အတိုင်း နောက်ဆုံးမှ ပြောရမယ့်ဟာကို အခု တည်းကလာပြီးတော့ ပြောတယ်။ ဒီ အခါမှာနည်းနည်းလေး လိပ်ခဲတည်း လည်းဖြစ်ပြီး ဆွေးနွေးပွဲက နောက် ဆုတ်သွားတာပါ။ ဖက်ဒရယ်တပ် မတော်ဆိုတဲ့ကိစ္စကို ဘယ်သူမှလက် မခံဘူး။ ဒီနိုင်ငံမှာ ဖက်ဒရယ် တပ်မတော်ဆိုတာကို လုံးဝလက်မခံ ဘူး။ ဘာလို့လဲဆိုတော့ တပ်မတော် တစ်ခုပဲရှိရမယ်ဆိုတဲ့ကိစ္စ ဖြစ်နေတာ ကိုး။ ဖက်ဒရယ်တပ်မတော်ဆိုတာ အင်မတန်အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ် တယ်။ အဓိပ္ပာယ်တွေကလည်း မရှင်း ဘူး။ တိုင်းရင်းသားတွေကြားထဲမှာ ကိုက အဓိပ္ပာယ်က ခုနစ်မျိုး၊ ရှစ်မျိုး လောက် ရှိတယ်။ ဒီကိစ္စက အခုချိန် မှာ လုံးဝဆွေးနွေးလို့ရတဲ့ကိစ္စမဟုတ် ဘူး။ နိုင်ငံရေး အရ သဘောတူညီမှု တွေလုပ်ပြီးမှ တိုင်းရင်းသား တပ်မ တော်တွေကိစ္စကို ဘယ်လိုဖြေရှင်း မလဲဆိုတာကိုလုပ်ရမှာ။ အဓိကက တော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ် ရပ်စဲရေးစာချုပ် (NCA)ကို မချုပ်ဆိုနိုင်တဲ့အတွက် ဒါတွေဖြစ် တာ။ ချုပ်ဆိုနိုင်တယ်ဆိုရင် ခုနက ပြောတဲ့စောင့်ကြည့်တာတို့၊ စည်းမျဉ်း စည်းကမ်းဆိုင်ရာ ဥပဒေတို့ ဒါတွေ အကုန်လုံးလာမှာ။ ဒါဆိုရင်ဖြေရှင်းရ လွယ်တယ်။ ကျွန်တော်တို့ ပြန်ပြီး တော့ ဆွေးနွေးနေတာ အဓိကကျတဲ့ အချက်တွေက အကုန်လုံးရနေပြီ။ ဒီလောက်ကြီး ခက်တာမဟုတ် တော့ဘူး။ မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်ဖို့ နောက်ကျနေတော့ ဒီလ ထဲမှာရော UPWC နဲ့ NCCT တို့ရဲ့ ဆွေးနွေးပွဲတွေ ရန်ကုန်မှာ ပြန်လုပ်ဖို့ ရှိလား။ ဖြေ။ ။ နိုင်ငံတော်သမ္မတကြီး က ဝန်ကြီးဦးအောင်မင်းကိုပေးတဲ့ ပေါ်လစီတွေနဲ့ ကျွန်တော်တို့ချင်းမိုင် မှာ အသွားအပြန်သွားပြီး ဆွေးနွေး နေတယ်။ အခြေအနေ ကောင်းပါ တယ်။ ခရစ္စမတ်မတိုင်မီ UPWC နဲ့ NCCT တို့ ရန်ကုန်မြို့မှာ တရား ဝင်ဆွေးနွေးနိုင်ဖို့ရက်ကို ညှိနေတယ်။ တော်တော်လေး ပြေလည်ပါတယ်။ ဒီခရစ္စမတ်မတိုင်မီ ရက်တစ်ရက်ကို လုပ်ဖို့ မှန်းထားတယ်။ မေး။ ။ ၂ဝ၁၅ ခုနှစ်အတွင်းမှာ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် ပေးမယ်လို့ ကတိပေးထားတာရှိတယ်။ အခုချိန်မှာ လက်ရှိအစိုးရ သက်တမ်း က အချိန်တစ်နှစ်ပဲ ကျန်တော့တယ်။ တစ်နှစ်အတွင်း ဖြစ်နိုင်ပါ့မလား။ ဖြေ။ ။ ကျွန်တော်တို့ ညှိနှိုင်းဖို့ အဆင့်က ဘာမှမကျန်တော့ဘူး။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ်ကို အနည်း ငယ်ပဲ ကျန်တော့တယ်။ အဲဒါကို အခု ဒီဇင်ဘာမှာ ဆွေးနွေးတဲ့ပွဲမှာ ပြီး ရင်ပြီး၊ မပြီးရင် ဇန်နဝါရီမှာ အပြီး သတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည် တယ်။ အဲဒါပြီးရင်တော့ ကျွန်တော်တို့ စာချုပ်ချုပ်မယ့်ရက်ကို သတ်မှတ် ရုံပဲ။ စာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ ရက် ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲကိုလုပ်ရမယ်။ ကျွန်တော် တို့အမြင်ကတော့ အခုလာမယ့် ဒီဇင် ဘာမှာ တော်တော်လေး ပြေပြေ လည်လည် ဖြစ်လိမ့်မယ်ထင်တယ်။ အဲဒီလိုဖြစ်ရင် နိုင်ငံရေးဆွေးနွေးပွဲ တွေကို သိပ်မကြာခင် ရှေ့နှစ်ဆန်း ဖေဖော်ဝါရီ၊ မတ်လဆန်းမှာ စနိုင် မယ်လို့ ကျွန်တော်ထင်တယ်။ ရှေ့ နှစ်ဆန်းနှစ်ရဲ့ ပထမခြောက်လ အတွင်းမှာ စနိုင်မယ်လို့ မျှော်မှန်း တယ်။ ရမယ်လို့လည်း ယုံကြည် တယ်။ မေး။ ။MPC ရဲ့ လုပ်ငန်းစဉ် တွေထဲမှာ မိုင်းရှင်းလင်းရေးလည်း ပါတယ်လို့သိရတယ်။ အဲဒါနဲ့ပတ် သတ်ပြီး ပြောပြနိုင်မလား။ ဖြေ။ ။ မြေမြုပ်မိုင်းရှင်းလင်း ရေးကပါပါတယ်။ ဒါပေမယ့်ချက်ချင်း လုပ်ဖို့မလွယ်ဘူး။ ဒါကိုအခုပြင်ဆင် နေတယ်။ နိုင်ငံခြားက လုပ်ထားတဲ့ ဟာတွေကို အတုယူပြီး မြန်မာ လို ပြန်ရတာတွေရှိတယ်။ စကားလုံး တွေကို ကျွန်တော်တို့ဘက်ကရှင်းလင်း အောင်လုပ်နေရတယ်။ အင်္ဂလိပ်လို ရေးထား တာရှင်းပေမယ့် မြန်မာလို ပြန်ဆိုရာမှာ မကြုံဖူးတဲ့ အနေအထား မျိုးဖြစ်နေတော့ ရှုပ်ထွေးတာတွေ ရှိတယ်။ မိုင်းဆိုတဲ့ပြဿနာက အလွန် အန္တရာယ်ရှိတယ်။ နိုင်ငံရေး လည်း အလွန်ဆန်တယ်။ ဒါကြောင့်မို့လို့ သတိနဲ့ထားပြီးလုပ်မှရမယ်။ နိုင်ငံရေး အရ သဘောတူညီမှုတွေ အရင်ရ အောင်လုပ်ဖို့လိုတယ်။ လက်နက် ဖြုတ်တဲ့ ကိစ္စမှာပဲဖြစ်ဖြစ်၊ မိုင်းရှင်းတဲ့ ကိစ္စပဲဖြစ်ဖြစ် ဒါတွေ အားလုံးဟာ နိုင်ငံရေးအရ သဘောတူညီမှုရအောင် အရင်လုပ်ရတယ်။ နိုင်ငံရေးအရ သဘော တူညီပြီးတော့မှ လက်နက် ကိုင် တပ်ဖွဲ့တွေကို ဘယ်လိုလုပ်မှာလဲ။ လက်နက်ဖြုတ်တဲ့ ကိစ္စကို ဘယ်လို လုပ်မှာလဲ။ နောက်ပြီးတော့ မိုင်းရှင်း တဲ့ကိစ္စကို ဘယ်လိုလုပ်မှာလဲ။ မိုင်း ရှင်းလင်းရေးက နည်းနည်းရှုပ်တယ်။ အစိုးရကတော့ ခွင့်ပြုထားပေမယ့် ဒီဟာကို လွှတ်တော်မှာဥပဒေပြုမှ ရမယ်။ မေး။ ။ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် ဘယ်လို အရာတွေက အခက်အခဲဖြစ်စေတာ လဲ။ ဖြေ။ ။ တစ်ဖက်နဲ့ တစ်ဖက် တစ်ခါတစ်ခါကျတော့လည်း စိုးရိမ် မှုတွေရှိတယ်။ တချို့နေရာ ဒေသ တွေမှာ ယုံကြည်မှုရှိထားတဲ့အတွက် ကြားကာလကိစ္စက အရေးမကြီးဘူး။ ဒါပေမယ့် သိတဲ့အတိုင်း KIO နဲ့ KNLA က အစိုးရနဲ့နှစ်ဖက် သဘောတူစာချုပ်ချုပ်ထားတာ မရှိ တဲ့အတွက်ကြောင့် ပိုပြီးတော့ နည်းနည်းပါးပါး လုပ်ရခက်တယ်။ ကျွန်တော်တို့ရဲ့မူဝါဒက တစ်နိုင်ငံ လုံး အားလုံးပါဝင်ရေးဖြစ်တယ်။ အားလုံးပါဝင်ရေး ဖြစ်တဲ့အတွက် မပြေလည်တဲ့လူကိုလည်း ချန်ထား လို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ တချို့နေရာလေးတွေမှာ မပြေ လည်တာလေးတွေကို စောင့်ပြီးခေါ် ရတဲ့သဘော။ အဲဒီတော့တစ်ဖက်မှာ ပြန်ကြည့်ရင် ပုံစံမျိုးစုံရှိတယ်။ စိုးရိမ်မှုတွေ လည်းရှိတယ်။ နိုင်ငံ တစ်ခုတည်းမှာပဲ စနစ်ကနှစ်ခု သုံးခု ရှိလို့မရဘူး။ သို့သော်လည်းပဲ ဒါ တွေကို အများဆုံးဆွေးနွေးဖြေရှင်း သွားလို့ရတယ်။ ဒီအပေါ်မှာပဲ ဘယ်လို ပူးပေါင်းဖြေရှင်းလို့ ရမလဲ ဆိုတဲ့ဟာပဲ။ တစ်နိုင်ငံ လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို ကြည့်မယ်ဆိုရင် ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာတွေ အများ ကြီးပါပါတယ်။ လက်တွေ့အခြေ အနေက အနေအထားတစ်ခုကို မရောက်သေးဘူး။ ဆွေးနွေးဆဲ ကာလပဲဖြစ်သေးတဲ့အတွက် စိုးရိမ် မှုတွေ များနေတာပေါ့။ နှစ်ပေါင်း (၆၅)နှစ်လောက် တစ်ဖက်နဲ့တစ်ဖက် တိုက်ပြီးတော့ ဖြစ်လာတဲ့အခါမှာ တော့ စိုးရိမ်ချက်က မဆန်းပါဘူး။ အားလုံးလည်းသိတယ်။ ဗြောင် လည်း ပြောနေကြတာပဲ။ မေး။ ။ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးနဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ပဲခူးမှာ တွေ့ဆုံခဲ့တာကို MPC အနေနဲ့ လိုက်ပါခဲ့တယ်လို့ သိရပါတယ်။ ဒီတော MPC နဲ့ အဓိကဘာတွေကို ဆွေးနွေးခဲ့ကြလဲ။ ဖြေ။ ။ နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာ အစကတည်းကနေပြီး တော့ ပါဝင်ကူညီခဲ့တဲ့ နိုင်ငံပါ။ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ နော်ဝေ ဘုရင်လည်း မြန်မာနိုင်ငံကိုလာတယ်။ သူတို့ အကူညီပေးထားတဲ့ MPSI၊ နောက် ဒုက္ခသည် IDP ကိစ္စတွေကို အကူညီပေးဖို့ ကိစ္စတွေမှာ လက်နက် ကိုင် တိုင်းရင်းသားတွေဖြစ်တဲ့ ကရင်တို့၊ မွန်တို့ အဲဒီဒေသထဲမှာ ရှိတဲ့ Stakeholders တွေနဲ့ လာ တွေ့တာပါ။ နောက်ပြီးတော့ MPSI လို့ခေါ်တဲ့ မြန်မာငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ကိုလည်း သူ တို့ပဲ အကူအညီပေးခဲ့တယ်။ အခု လက်ရှိမှာလည်း နော်ဝေနိုင်ငံဟာ အစိုးရအပြောင်းအလဲ လုပ်ထား တော့ နော်ဝေ အစိုးရအနေနဲ့က အသစ်ဖြစ်နေတယ်။ အခုလာတဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း အသစ် ပဲ။ သူတို့က ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေဆက်ပြီး ကူညီနိုင်ဖို့။ နောက်ပြီးတော့ နော်ဝေရဲ့ အကူအညီ နဲ့ မြန်မာငြိမ်းချမ်းရေး အထောက် အကူပြုအဖွဲ့ (MPSI) ကနေ ကျောက်ကြီးအပါအဝင် ပဲခူးတိုင်း ဒေသကြီးရဲ့ ဒေသသုံးခုမှာ IDP (ဒေသတွင်း ထွက်ပြေးတိမ်းရှောင် နေရသူ)တွေကို ကူညီနေတာတွေ ရှိတယ်။ နော်ဝေနိုင်ငံက နော်ဝေ ပြည်သူများ ထောက်ပံ့ရေးအဖွဲ့(NPA) အဖွဲ့နဲ့ မြန်မာအစိုးရနဲ့ ပေါင်းပြီးတော့ IDP (ဒေသတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ) တွေ ကို မှတ်ပုံတင်လုပ်ပေးနေတဲ့ ကိစ္စ တွေမှာလည်း ရှေ့ပြေးစီမံကိန်း (Pilot Project) လုပ်တာ အလွန် အောင်မြင်နေတယ်။ ကျွန်တော်တို့ MPC အနေနဲ့ က နော်ဝေနိုင်ငံခြားရေးဝန်ကြီးကို ငြိမ်းချမ်းရေးကိစ္စတွေ ရှင်းပြဖို့အတွက် လိုက်ပါသွားတာ။ မေး။ ။ ဒါဆိုရင် နော်ဝေနိုင်ငံက MPC ကို ရှေ့ဆက်ပြီး ဘာအကူညီတွေပေး သွားဖို့ ရှိနိုင်လဲ။ ဖြေ။ ။ ကျွန်တော်တို့ MPC ကို နော်ဝေက တိုက်ရိုက် အကူအညီပေးတာမရှိဘူး။ သူတို့နဲ့ အသေးစိတ် ဆက်ဆွေးနွေးတာတွေ တော့ရှိမယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် Peace Donour Support Group ဆိုပြီးတော့ ဖွဲ့ထားတယ်။ အဲဒီမှာ ကမ္ဘာ့ဘဏ်တို့၊ ဂျပန်တို့ အမေရိကန် တို့ အများကြီးပါတယ်ဗျ၊ အဲဒီအဖွဲ့ ရဲ့သဘောက မြန်မာနိုင်ငံရဲ့ငြိမ်း ချမ်းရေးလုပ်ငန်းမှာ ပိုက်ဆံအများ ကြီးလိုမယ်။ လိုအပ်တာကို ဘယ်လို ပုံစံမျိုးနဲ့ ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ ဆွေးနွေးနေကြတာ ရှိတယ်။ အဲဒီထဲမှာ နော်ဝေကနိုင်ငံ တစ်ခုအနေနဲ့ပါတယ်။ အဲ့ဒီအဖွဲ့က လည်း နော်ဝေနိုင်ငံကပဲ စပြီး ဦးဆောင်သူအဖြစ် လုပ်ထားတဲ့ အဖွဲ့။ ကျွန်တော်တို့ MPC ကို နော်ဝေအနေနဲ့ တိုက်ရိုက်ပေးနေတာ မရှိပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာ ခုနက ကျွန်တော်ပြောခဲ့တဲ့ ကိစ္စတွေမှာ အကူအညီပေးနေတာ တွေရှိတယ် ။ MPC ကို အကူအညီ မပေးသည်ဖြစ်စေ၊ အစိုးရကို အကူ အညီပေးသည်ဖြစ်စေ အဓိကကျတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနေတော့ ဒါဟာ အဆင်ပြေတာပေါ့။ 
No comments:
Post a Comment