Saturday, December 20, 2014

"ချောက်ချားဖွယ်ညများနဲ့ မြစ်ကြီးနား

 "ချောက်ချားဖွယ်ညများနဲ့ မြစ်ကြီးနား

" ဒီဇင်ဘာ  ၁၉ ရက်၊ ၂၀၁၄ "ကယ်ကြပါအုံး.....ကယ်ကြပါအုံး.......ကျွန်မပိုက်ဆံအိတ် လုသွားလို့ပါ " ဟု အသက် ၄၀ခန့် စူပါကပ်ဆိုင်ပေါ်မှ အမျိုးသမီးကြီးတစ် ဦး အော်ဟစ် အကူအညီတောင်းရင်း ဆိုင်ကယ်ကိုတရကြမ်းမောင်းသွားသည်။ သူမစီး ထားသောဆိုင်ကယ်ရှေ့တွင် အသက်၅နှစ်အရွယ်ကောင်လေး တယောက် အနောက်တွင် အသက်၈နှစ်အရွယ်ကောင်မလေး တယောက်တင် ထားသည်။ အချိန်မှာ ညနေ၆နာရီခွဲခန့် မြစ်ကြီးနားမြို့ မြို့မဈေးကြီးမရောက် ခင် ညောင်ပင်ကြီးနားတွင်ဖြစ်သည်။ ဆိုင်သိမ်းလူပြတ်ချိန်ဖြစ်သဖြင့် ကူညီမဲ့သူမရှိ။ သူမ၏ ပိုက်ဆံအိတ်ကို လုယူသွားသူမှာ ဦးထုပ် ကိုခပ်ငိုက်ငိုက်စောင်းထားပြီး ဆိုင်ကယ်နံပါတ်မတပ်ထားသဖြင့် မည်သူမှန်းခန့်မှန်းရခက်သွားပေသည်။ သူမ၏ ပိုက်ဆံအိတ်မှာ ပြန်ရဖို့ ကံကြမ္မာမရှိတော့.... . အမှတ်(၁)ရဲစခန်းရှေ့တွင် အသက်(၂၀)နှစ်ခန့် လူငယ်၂ဦး ဟိုကြည့်ဒီကြည့်ဖြင့် ရဲစခန်းအတွင်းသို့ဝင်လာသည်။ ဂိတ်စောင့်ရဲကြီးအား "အကို ဆိုင်ကယ်ပျောက် တိုင်ချင်လို့ ဘယ်နားသွားတိုင်ရမလဲခင်ဗျာ "ဟု မေးကာ ရဲတပ်သားညွှန်ပြလို က်သော နေရာသို့ ၀င်သွားကြသည်။ ရဲစခန်းအတွင်း ရဲအုပ်ကြီးဟန်တူသော အရာရှိတစ်ဦးနှင့်တွေ့သည်။ "ဦး ဆိုင်ကယ်ပျောက်တိုင်ချင်လို့ပါ"ဟု ဆိုကာ ပါလာသော သက်သေများ CCTVမှတ်တမ်းများအား ထုတ်ပြလေသည်။ ရဲမှုးကြီးဘေးနားတွင် ရဲတပ်သား ၄ဦးရပ်နေသည်။ ထိုရဲတပ်သား၎ဦးတွင် အရက်နံများနံနေသည်ကို ထိုကောင်လေး၂ယောက် သတိထားမိလိုက်ကြ သည်။ ထို့နောက် ရဲမှုးကြီးက ရဲတပ်သားတစ်ဦးကို ငှင်းတို့ဆိုင် ကယ်ပျောက်သွား သည့် ရာဇ၀င်အားမေးမြန်းရန် တာဝန်ပေးလေသည်။ "ဆိုင်ကယ်က ဘယ်နေရာမှာ ဘယ်လိုပျောက်သွားတာလဲ?" "ဂိမ်းဆိုင်မှာ ဂိမ်းဆော့နေတုန်း ခဏနေပြန်ထွက်လာတော့ မရှိတော့ဘူးဦး... ဇတ်သော့လဲခတ်ထားတယ် " ဟု ကောင်လေးတစ်ယောက်ကဖြေသည်။ ရဲတပ်သားက "အေး.. အခုက ဇတ်သော့ခတ်လဲ မလုံခြုံတော့ဘူးကလေး.. သူခိုးတွေမှာ Master Key လို့ခေါ်တဲ့ ကျောက်လှည့်နဲ့တူတဲ့ ကိရိယာရှိ တယ်..အဲ့ကောင်က ဇတ်သော့ခတ်ထားလဲ တချက်လှည့်လိုက်တာနဲ့ ပြုတ်တယ်..နောက်လုံခြုံအောင် ဆိုင်ကယ်ဘီးမှာ သော့ခတ်တဲ့ ကြိုးဝယ်ထား...မင်းတို့သူငယ်ချင်းတွေလဲသတိပေးထားပေါ့ကွာ..အခုက မြစ်ကြီးနားမှာ နေ့တိုင်း ဆိုင်ကယ် ၃စီး၎စီးခိုးခံနေရတယ်...အဲ့ဒီလိုခိုးတဲ့သူတွေ က ရန်ကုန် မန္တလေးဘက်နေ တက်လာတယ်လို့တော့ သတင်းရထားတာပဲ" ဒါနဲ့ ရဲတပ်သားက လိုအပ်တာတွေ မေးမြန်းပြီး ကောင်လေး၂ယောက်ကို ပြန်လွှတ်လိုက်လေသည်။ ထို့နောက် ငှင်းကောင်လေး၂ယောက်က သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့တော့ ရဲအုပ်ကြီးက ၂ရက်လောက်နေရင်ထူးမယ်ဆိုသည့်အကြောင်း စိတ်မပူပါနဲ့လို့မှာလိုက်ကြောင်း ပြန်ရမှာပါဟုပြောလိုက်ကြောင်း သူ၏သူငယ်ချင်းများကို အားတက်သရော ပြောပြလေသည်။ သူ၏ သူငယ်ချင်းများက "မင်းမလို့ အဲ့ဒီရဲတွေပြောတာယုံနေသေး တယ်..ငါ့ဦးလေး တယောက်ပျောက်တုန်းကလဲ ဒီလိုပဲပြောတာ သူတို့ကနှစ်သိမ့်တာ ဘာမှသူခိုးကို ရှာတာမဟုတ်ဘူး..ပြည်သူက သူခိုးကိုမိပြီးအပ်မှသာ သူတို့က အရေးယူတာပါကွာ " ဟု ပြောလေသည်။ "အေးကွာ..ဖြစ်နိုင်တယ်.. ငါ့ရဲ့ CCTV record ကိုပေးတုန်းက ဘယ်ရေးမှလဲ အရေးတယူမလုပ်ပဲ သူတို့ ကွန်ပြူတာထဲ ထဲ့လိုက်တယ်သာပြောတာ ငါစက်ဖွင့်တာတောင် မမြင်လိုက်သလိုပဲ" ဟု ရဲတပ်သားများ၏ တာဝန်မဲ့မှုကို တွေ့းတောရင်း...။ . လွန်ခဲ့သည့် ၅ရက်ခန့်ကလဲ ဘဏ်မှ အချိန်ပိုဆင်းပြီးပြန်လာသည့် ကောင်မလေး တစ်ယောက်၏ ပိုက်ဆံအိတ်ကို စိမ်းမြဧရာပန်းခြံလမ်းကြားတွင် အလုခံ လိုက်ရသည်။ ထိုမိန်းကလေးမှာ အမှတ်(၁)ရဲစခန်းသို့ တိုင်ကြားထားသော် လည်း ရဲဝန်ထမ်းများမှာ တာဝန်ယူဆောင်ရွက်ပေးခြင်းမျိုး မရှိဟု ပြော သည်။အလားတူစွာပင် ည အ ချိန်ပို ဆင်းပြီး ပြန်လာသော ဘဏ်ဝန်ထမ်းမိန်း ကလေးအချို့ ကိုလဲ မှောင်ရီပျိုးချိန်တွင် အိနြေ္ဒ ပျက် ပျားအောင် ကိုယ်ထိ လက်ရောက် လိုက်လံနှောက်ယှက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အချိန် ပိုဆင်းရသည့် မြစ်ကြီးနားမြို့မှ ဘဏ်ဝန်ထမ်းမိန်းကလေး များ၏လုံခြုံရေးအား ငှင်းတို့တာဝန်ခံမန်နေဂျာများအနေဖြင့် တာဝန် ယူပေးသင့်ကြောင်း ဧရာဝတီဘဏ်မှ အမည်မဖော်လိုသူ ဘဏ်ဝန်ထမ်းမိန်းကလေး တစ်ဦးမှ - " သမီးတို့က လကုန်ခါနီးတွေနဲ့ လဆန်းရက်တွေဆိုရင် ဘဏ်ကနေဆင်း တာအရမ်းနောက်ကျတယ်.. တခါတလေဆို ည ၁၀ နာရီကျော်မှ ပြန်ရတာတွေတောင် ရှိတယ်...အဲ့လိုမျိုးဆို သမီးတို့ကိုတခါတလေ လိုက်စတာ နှောက် ယှက် တာတွေကြုံရတယ်..ဒါပေမဲ့လည်း ဘဏ်တာဝန်ခံတွေ ကတော့ ဒီကိစ္စတွေကို လျစ်လျူ ရှုထားကြ တယ်..ဒါကြောင့် သမီးလည်း ဘဏ်ဆင်းတာနောက်ကျရင် မပြန်ရဲတော့လို့ သူငယ်ချင်းအိမ်မှာအိပ်လိုက်ရတယ်" ဟု ပြောပြခဲ့ပါတယ်။ . ယခုအခါ မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယူမှုများမှာ အဆမတန်များပြားလျက်ရှိပြီး ညနေ၆နာရီ မှောင်ရီပျိုးချိန်နောက်ပိုင်း အပြင်မထွက်သင့်တော့ သည့်အခြေအနေ သို့ရောက်ရှိနေပေသည်။ ရန်ကုန်မြို့တွင် ဒုစရိုက်သမားများအား ရဲတပ်ဖွဲ့က စီမံချက်ချကာ ဖမ်းဆီးမှုများရှိ သည့် အတွက် ငှင်းဒုစရိုက်ခေါင်းဆောင်များသည် အခြားနေရာများ သို့ ပြောင်းလဲ ကျက်စားခြင်းဖြစ်သည်။ ညနေမှောင် ရီပျိုးချိန် တွင် လုယက်မှုများ များပြားလာသဖြင့် မြစ်ကြီးနားပြည်သူများ စိုးရိမ်ထိန့်လန့် လျက်ရှိပြီး ငှင်းတို့ ဆိုင်များကိုပင် ညနေ၅နာရီတွင် ပိတ်ပြစ်ရသည် အထိဖြစ်လာကြသည်။ ထိုသို့ ဒုစရိုက်သမားများ ဘိန်းသမားများ အဆမတန် များပြား လာသော မြစ်ကြီးနားမြို့၏ လုံခြုံရေးကို ရဲတပ်ဖွဲ့ဝင်များအနေနှင့် ယခုထက်တိုင် အရေးတယူဆောင်ရွက်မဖမ်းဆီးခြင်း လုံခြုံရေးဆောင်ရွက်မေ ပးခြင်းကို မြစ်ကြီးနားမြို့ခံများက အပြင်းအထန် ဝေဖန်လျက်ရှိသည်။ မြစ်ကြီးနားသတင်း

No comments:

Post a Comment