ရွှေမှော်များတွင် KIA အဖွဲ့ လူဖမ်းနေပြန်ပြီ
3.12.2014 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များတွင် နိုဝင်ဘာ ၂၈ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ မှော်သူမှော်သားများအား လူသစ်အဖြစ် ဖမ်းဆီးနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်နေသော ရွှေမှော်များမှာ အဆိုပါမြို့နယ်အတွင်းရှိ နန့်မနာူးရွှေမှော်နှင့် အောင်ကြပ်ရွှေမှော်များဖြစ်ကြကြောင်း သိရသည်။ “ ဟိုတစ်နေ့က လမ်းဖမ်းသွားတာလေ၊ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းနေတာပဲလေ၊ သူတို့နယ်မြေထဲမှာဆိုတော့ ဘာပြောရဲမှာလဲ၊ ဒီအတိုင်း ခံနေကြရတာပါပဲ” ဟု အမည်မဖော်လိုသော မှော်လုပ်သားတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့မှ မှော်အတွင်း၌ အလုပ်လုပ်ကိုင်နေကြသော အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား မှောသူမှော်သား (၁၅)ဦးအား လိုက်လံဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ “ တပ်ရင်း ၁၄ ဌာနချုပ်ဟောင်းရှိတဲ့ ကောင်ဂျာဘက်ကို ဖမ်းခေါ်သွားတာမြင်တယ်၊ ကျန်တဲ့သူတွေလည်း ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲလို့ တွေးပူပြီး ပြန်လာကြတာ၊ လုပ်ကိုင်စားရတာ အဆင်မပြေပါဘူး၊ ငြိမ်းချမ်းရေး မရသေးတာ လည်း ပါမှာပေါ့ ”ဟု တနိုင်းမြို့သို့ ပြန်လည်ရောက်ရှိလာသော ဒေသခံတစ်ဦးက ပြောကြားသွားသည်။ Credit #ဇော်မိုင်
No comments:
Post a Comment