Saturday, December 20, 2014

အင်းတော်ကြီးဒေသ၊ တက်လက်ရွှေမှော်တွင် KIA အဖွဲ့ လူဖမ်းပြီး ဆက်ကြေးကောက်

အင်းတော်ကြီးဒေသ၊ တက်လက်ရွှေမှော်တွင် KIA အဖွဲ့ လူဖမ်းပြီး ဆက်ကြေးကောက်

ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မိုးညှင်းပြည်နယ်၊ အင်းတော်ကြီးဒေသရှိ တက်လက်ရွှေမှော်သို့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့ရောက်ရှိလာပြီး မှော်သူမှော်သားများအား လူဖမ်း၊ ဆက်ကြေး ကောက်ခံမှုများ ပြုလုပ်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ မှော်ထဲလာတယ်ဆိုတော့ ဆက်ကြေးကောက်လာတယ်ပဲ ထင်ကြတာ၊ ဆက်ကြေးလဲပေးပြီးရော လူတွေကိုပါ ဖမ်းတော့ တာ။ ကျွန်တော်တောင်အပြေးကောင်းလို့လွတ်တာ၊ ဟု ဒေသခံတစ်ဦးကပြော သည်။KIA အဖွဲ့မှ ယင်းရွှေမှော်အတွင်းတွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်း၊ ကျင်း လုပ်သား တစ်ဦးလျှင် ငါးသောင်းနှုန်း ကောက်ခံသွားကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေကိုရွေးပြီး ဖမ်းခေါ်သွားတာ၊ ငွေလည်းပေးရသေးတယ်၊ လူလည်း အဖမ်းခံရ တာကတော့ တရားမျှတမှုမရှိဘူးလို့ မြင်တယ်။ ဒေသခံပြည်သူတွေအပေါ် KIA အဖွဲ့က အနိုင်ကျင့် လွန်းအားကြီးတယ်။ ဟု ဖမ်းဆီးခံရသော လူငယ်တစ်ဦး၏ဖခင် ဦးကျော်လှိုင်က ပြောသည်။ KIA အဖွဲ့မှဖမ်းဆီးသွားသော ဒေသခံလူငယ်များသည် မိသားစုစားဝတ်နေရေးအတွက် ရွှေမှော်တွင် အလုပ် လုပ်ကိုင်ရာမှ လူသစ်အဖြစ် အဖမ်းခံရခြင်းဖြစ်ကြောင်း၊ စစ်သင်တန်းများတက်ရောက်ပြီး KIA ရှေ့တန်းစခန်း များတွင် အသေခံ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ KIA အဖွဲ့၏လုပ်ရပ်များကို အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ပေးစေ လိုကြောင်း မိုးညှင်းမြို့ခံ တစ်ဦးက ပြောကြားသွားသည်။ ဇော်မိုင်

No comments:

Post a Comment