Tuesday, December 2, 2014

ရွှေကူမြို့နယ်တွင် အင်းလုပ်ငန်းရှင်များအား KIA အဖွဲ့ ဆက်ကြေးကောက်ခံ

 ရွှေကူမြို့နယ်တွင် အင်းလုပ်ငန်းရှင်များအား KIA အဖွဲ့ ဆက်ကြေးကောက်ခံ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရေလဲကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ အင်းလုင်ငန်းရှင်များအား နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါ အင်းများသည် ရေလဲကျေးရွာ၏ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခန့်အကွာ ချောင်းရိုးကမ်းအင်းနေရာဝန်းကျင်တွင်ရှိကြောင်း သိရသည်။ “ အင်းတွေကိုလာပြီး ဓာတ်ပုံရိုက်တယ်၊ အင်းလေလံအောင်တဲ့သူတွေ စာရင်းလိုက်ကောက်တယ်၊ ပြီးတော့ ငွေတောင်းတယ်လို့ သိရတယ် ”ဟု ဒေသခံတစ်ဦးက ပြောသည်။ KIA အဖွဲ့မှ အင်းလုပ်ငန်းရှင်များအား အင်းပိုင်ဆိုင်မှုအလိုက် တစ်ဦးလျှင် နှစ်စဉ်ဆက်ကြေးငွေ သိန်း(၅၀)ထက်မနည်း ကောက်ခံထားကြောင်း အမည်မဖော်လိုသော အင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့သည် လမိုင်ယန်တိုက်နယ်ရုံးမှ ဖြစ်ကြောင်းနှင့် နေ့လည် ၃ နာရီခွဲချိန်ခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း၊ အင်းလုပ်ငန်းရှင်များမှ KIA အဖွဲ့၏ ဆက်ကြေးငွေကောက်ခံမှုကို ပေးရန်ငြင်းဆန်လိုက်ကြကြောင်း သိရှိရပါသည်။ ဇော်မိုင်

No comments:

Post a Comment