မူဆလင် အားပေးတွေ သတိထားနေ
ပါကစ္စတန်က ခရစ်ယာန်မလေးတွေရဲ့ ဘဝကို ဖတ်လိုက်ရတယ်။ မူဆလင်တိုင်းပြည်က ခရစ်ယာန်တွေရဲ့ ဘဝကို တစ်စွန်းတစ်စ မြင်လိုက်ရတယ်။ မူဆလင်တွေကြားမှာ နေ,နေရတဲ့ ခရစ်ယာန်တွေရဲ့ဘဝကို စာနာမိသလို မြန်မာပြည်မှာ မူဆလင်တွေ အင်အားကောင်းလာခဲ့ရင် မြန်မာမိန်းကလေးတွေရဲ့ ဘဝသည်လည်း ပါကစ္စတန်က ခရစ်ယာန်မိန်းကလေးတွေရဲ့ဘဝလိုပဲ မလုံမခြုံဖြစ်လိမ့်မယ်လို့ တွေးပူမိပါတယ်။ မူဆလင်တွေနှင့် ပတ်သက်နေသူများ အသိတရားရ သတိထားကြစေဖို့ ဖြစ်စဉ်အကျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ပါကစ္စတန် ဂျရန်ဝါလာ ဒိစတြိတ်မှာ ခရစ်ယာန်မိန်းကလေးနှစ်ဦး လယ်ပြင်ထွက် ကျင်ကြီးစွန့်တယ်။ ပါကစ္စတန်မှာက အိမ်သာရယ်လို့ ရှိတာမဟုတ်ပဲ အိမ်သာတက်ရင် မမြင်ကွယ်ရာတို့၊ လယ်ပြင်တို့ကို သွားရတယ်။ မိန်းကလေးတွေက ဆယ်ကျော်သက်လေးတွေ။ ဆာရစ် ၁၈ နှစ် နှင့် ဖရာဇနာ ၁၄ နှစ်။ မိန်းကလေးတွေ လယ်ပြင်ရောက်တော့ ဆာဂျစ်၊ အာဇင်း၊ အာဆစ်နှင့် အက္ကဘာ စတဲ့ မူဆလင်လေးတွေရောက်လာပြီး မိန်းကလေးတွေကို အာသာငမ်းငမ်း ကြည့်ကြတယ်။ နောက် မိန်းကလေးနှစ်ဦးကို အတင်းချုပ်ပြီး အနီးရှိတဲ့ တောအုပ်ထဲကို ခေါ်သွားတယ်။ တောထဲမှာ မိန်းကလေးကို ဝိုင်းမုဒိမ်းကျင့်ကြတယ်။ အပျိုစင်လေးတွေကို ဘဝဖျက်ဆီးနေရင်း သကောင့်သား မူဆလင်တွေက မိန်းကလေးတွေကို ပြောင်လှောင်ကြတယ်။ ဒါက ခရစ်ယာန်မိန်းကလေးတွေရ,ရမယ့် ကံကြမ္မာပဲလို့ မခံသာအောင် ပြောသေးတယ်။ အစော်ကားခံရပြီးနောက်မှာ မိန်းကလေးနှစ်ဦးက တောထဲကနေ အိမ်ကို အဝတ်အစား မလုံမခြုံ၊ ဒဏ်ရာဗရဗွနှင့် ပြန်လာခဲ့ရတယ်။ မိန်းကလေးတွေရဲ့ မိဘတွေက ရဲကိုတိုင်ကြတယ်။ ရဲက အရေးယူဖို့ ဝေးစွ။ မိန်းကလေးတွေရဲ့မိဘတွေကို ငေါက်ငန်းပြီး လျော်ကြေးယူကြေနပ်ဖို့ အမှုကြေအေးကြောင်း လက်မှတ်ထိုးဖို့ ဇွတ်အတင်းပြောပါတယ်။ သတင်းရေးသားသူက ဖော်ပြထားရာမှာ အဆိုပါတိုင်ကြားမှုအတွက် ဖိအားတွေ ခြိမ်းခြောက်မှုတွေရှိနေပြီး ၎င်းသတင်းရေးချိန်မှာတောင် မိန်းကလေးတွေရဲ့ မိသားစုတွေနှင့် မိတ်ဆွေအသိုင်းအဝန်းကို ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်တဲ့ခင်ဗျာ။ မျိုးမင်းသန့် http://www.pakistanchristianpost.com/headlinenewsd.php?hnewsid=5080
No comments:
Post a Comment