ကျွန်တော်သိသော KIO/KIA အတွင်းရေးများ - အပိုင်း(၁၈)
ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၄ ကျွန်တော်တို့ ကချင်ပြည်နယ်အတွက်သာမကဘဲ ပြည်ထောင်စုကြီးတစ်ခုလုံးကို ပြိုလဲပျက်စီးအောင် KIO/ KIA ခေါင်းဆောင်ကြီးတွေ ကြံစည်နေကြပါပြီ။ FUA လို့ခေါ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုပြီး ဖွဲ့စည်းလိုက် ပါပြီ။ အင်မတန်အန္တရာယ်ကြီးမားတဲ့ အပြစ်ကို သူတို့ကျူးလွန်လိုက်ပြီ ဖြစ်ပါတယ်။ FUA ဆိုတာ UNFC အဖွဲ့ကို ပံ့ပိုးနိုင်ဖို့ ဖွဲ့စည်းတာလို့ သိရပါတယ်။ UNFC အဖွဲ့မှာ KIO ဒုဥက္ကဋ္ဌ ဦးအင်ဘန်လ က ဥက္ကဋ္ဌ နေရာယူထားမှတော့ ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ကြိုသိနေခဲ့ပါတယ်။ စာမတတ်ပေမတတ် အင်ဘန်လလို လူမျိုးရဲ့ လက်အောက်မှာ ယုံယုံကြည်ကြည် တာဝန်ထမ်းဆောင်ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း တကယ်အံ့သြမိပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဗိုလ်လောင်း ၂၃ ဦး သေဆုံးတဲ့ကိစ္စ မှတ်မိကြဦးမှာပါ။ အင်ဘန်လလို လူမျိုးက ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့ လူစားမျိုးပါ။ KIA အဖွဲ့ငယ်လေးတွေနဲ့ လမ်းပြင်နေတဲ့ အစိုးရစစ်ကြောင်းကို ရန်သွားစတယ်။ အစိုးရစစ်ကြောင်းတွေဘက်က မလွဲမသွေ ပြန်ပစ်တော့မယ်ဆိုတာ အင်ဘန်လ ကြိုသိပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းမှာ KIA ဗိုလ်လောင်းတွေကို သီးခြားခွဲထုတ်ထားပြီး ABSDF၊ AA၊ CNF၊ TNLA ဗိုလ်လောင်းတွေကိုသာ တစ်စုတစ်စည်းတည်းထားခဲ့တာပါ။ အစိုးရတပ်ဘက်က လက်နက်ကြီးလည်း ပစ်ရော ဗိုလ်လောင်း ၂၃ ဦး ကျပါရောလား။ KIA ဗိုလ်လောင်းတစ်ယောက်မှ မပါဝင်ဘူးဆိုတာ အင်ဘန်လရဲ့ ကြိုတင်ကြံစည်မှုပဲ ဖြစ်ပါတယ်။ အခုအဲဒီပစ်ခတ်သေဆုံးမှုအပေါ် KIA က အစိုးရတပ်တွေ နဲ့ သေဆုံး ဗိုလ်လောင်းတွေ ဆုံးရှုံးထားတဲ့ လက်နက်ကိုင် အဖွဲ့များကို ရန်တိုက်ပေးနေ တာဖြစ်ပါတယ်။ ဒါမှလည်း သူတို့ကြံစည်ထားတဲ့ အပစ်ရပ်စာချုပ် မပြီးမြောက် မှာ ဖြစ်ပါတယ်။ အစိုးရ တပ်တွေနဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲဖြစ်တာကိုကြည့်ပြီး အင်ဘန်လက ပြုံးပြုံးကြီး လုပ်နေမှာ သေချာပါတယ်။ ဒီတော့ KIO/KIA ခေါင်းဆောင်ပိုင်းရဲ့ လုပ်ရပ်ကို အခြားအင်အားကြီး လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ RCSS/SSA၊ UWSA`၀´၊ KNU ၊ SSPP/SSA စတဲ့အဖွဲ့တွေက ဒီအတိုင်းလက်ပိုက်ကြည့်မနေကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။ ကြာလာရင် FUA ကို အကြောင်းပြုပြီး KIO/KIA က လက်နက်ကိုင် အားလုံး အပေါ် လွှမ်းမိုးချုပ်ကိုင်သွားမှာ ဖြစ်ပါ တယ်။ အရှင်းဆုံးပြောရရင် အစိုးရအဖွဲ့နဲ့ အစိုးရတပ်မတော်အနေနဲ့ကလည်း UNFC ရဲ့လှည့်ကွက် FUA ဆိုတာ KIO/KIA ခေါင်းဆောင်တွေရဲ့ အကြံအစည်ဖြစ်တာကြောင့် အင်အားမကြီးထွား ခင် ထိန်းသိမ်းနှိမ်နင်းသင့်တယ်လို့ပဲ တိုက်တွန်းချင်ပါတယ်။ ဘရန်စန်အောင် အပိုင်း (၁) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia.html အပိုင်း (၂) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_22.html အပိုင်း (၃) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_23.html အပိုင်း (၄) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_83.html အပိုင်း (၅) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_41.html အပိုင်း (၆) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_28.html အပိုင်း (၇) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/10/kiokia_29.html အပိုင်း (၈) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_16.html အပိုင်း (၉) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_4.html အပိုင်း (၁၀) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia.html အပိုင်း (၁၁) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_6.html အပိုင်း (၁၂) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_10.html အပိုင်း (၁၃) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_13.html အပိုင်း (၁၄) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_65.html အပိုင်း (၁၅) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_22.html အပိုင်း (၁၆) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_28.html အပိုင်း (၁၇) အား ပြန်လည် ဖတ်ရှုလိုပါလျှင် http://www.oppositeyes.info/2014/11/kiokia_29.html
No comments:
Post a Comment