Saturday, December 6, 2014

KIO/KIA နှင့် မြန်မာ့အနာဂတ် ------

 KIO/KIA နှင့် မြန်မာ့အနာဂတ် ------

-KIA တကယ် အားကိုးတာက တရုတ် မဟုတ်ဖူး။ အနောက်ကမ္ဘာနဲ့ တချို့သော ခရစ်ယာန် အဖွဲ့စည်းတွေ . . . ။ အနောက်ကမ္ဘာမှာ Neo-Colonialism ကို ဖက်တွယ်ထားတဲ့အဖွဲ့တွေ ရှိတယ်။ ဥရောပ၊ အမေရိက၊ အာရှ တစ်လွှား နဲ့ ဩစီ နယူးဇီလန် အထိပါ ပေါက်ရောက်တယ်။ ဝန်ကြီးချုပ်ဟောင်းတွေ၊ သားသမီးတွေ(ဥပမာ - မာဂရက် သက်ချာ သား မာ့ခ် သက်ချာ)၊ တော်ဝင် သားသမီးတွေ၊ ပုလိပ်မင်းကြီးတွေ၊ စစ်အရာရှိဟောင်းတွေ အများကြီးပါတယ်။ ကချင် က နှစ်ပိုင်း . . Army အနေနဲ့က အမေရိကန်စစ်ဖက် . . . နိုင်ငံရေးအနေနဲ့က ခရစ်ယန်အဖွဲ့တွေ့. .က တဆင့် . . အနောက်ကမ္ဘာရဲ့ Neo-colonialism အဖွဲ့စည်းတွေကို ချိတ်ဆက်တယ်။ KIO/KIA ရဲ့ အနာဂတ် စီမံကိန်းတွေ ပလန်တွေကို အဓိက ဆွဲပေးနေတာက ၄င်း အနောက်ကမ္ဘာကအဖွဲ့စည်းတွေ။ ဒီတော့ သေချာလေ့လာကြည့်လိုက်ရင် KIA ရဲ့ အစီစဉ်တွေက အဆင့်မြင့်တယ်။ ခြေအနှုတ်အသိမ်း သပ်ရပ်တယ်။ နိုင်ငံရေးလေဆင်ကြည့်ပီး ရွက်တိုက်တတ်တယ်။ ဥပမာ .တကယ်လုပ်တဲ့ .ဦးသန်းရွှေကြီးတို့လက်ထက် မှာ KIA ဟာ ငြိမ်းချမ်းရေးလိုလိုဘာလိုလိုနဲ့ သက်သက်သာသာ အင်အားဖြည့်ရင်း ရပ်တည်နိုင်ခဲ့ပြီး အလျှော့ပေးငြိမ်းချမ်းရေးယူချင်တဲ့ အနေထားရှိတဲ့ ဦးသိန်းစိန်တို့လက်ထက်မှာ . . KIA ဟာ စွာကျယ်စွာကျယ်လုပ်ရင်း သူတို့ရဲ့ ဂွင်တွေကို ပိုမိုချဲ့ယူနိုင်ခဲ့တယ်။ အနောက်ကမ္ဘာရဲ့ အဲ့ဒီ အဖွဲ့စည်းတွေရဲ့ ချိတ်ဆက်လှုပ်ရှားပေးမှုကနေ သူတို့အတွက်လိုအပ်တဲ့ Resource တွေ ရလာစေတယ်။ ကမ္ဘာ့မိသားစုအလယ်မှာ သူတို့ပုံရိပ်ကို ထိုးဖောက်စေတယ်။ မြန်မာတပ်မတော်က စစ်သားတွေ တပ်စိတ်လိုက် မိုင်းဆွဲသတ်ခံရတောင် မသိသလိုနေကြပေမယ့် . . KIA အနည်းငယ်လောက်ထိမိခိုက်မိရင် ၀ိုင်အော်ပေးကြတာ ရဲ့ အခြေခံအကြောင်းတရားတွေပေါ့။ KIA ဟာ . . . KNU နဲ့ တော့်တော့်ကို မတူတာ သတိထားမိတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ ပိုမို စနစ်ကျ . .ပိုမိုအင်အားတောင့်တဲ့ အရပ်ဘက် စစ်ဘက် တွဲရက် အဖွဲ့စည်းတစ်ခု ဖြစ်လာနေပြီ။ ပီးတော့ AA တို့လို တအောင်းတို့လို AB တို့လို အရေးကြုံရင် ဗိုက်ငှါးပီးဓားထိုးခံခိုင်းဖို့ အဖွဲ့စည်းလေးတွေကိုလဲ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ မွေးထားတယ်။ မသိနားမလည်ရှာတဲ့ အွန်လိုင်းရခိုင်လေးတချို့ကလဲ ကေအိုင်အေ အောက်က AA ကို အဟုတ်ထင်နေတယ်။ . . .တကယ်တမ်းက . . . အဲ့လူတွေက KIA ရဲ့ နည်းဗျူဟာ နယ်ရုပ်လေးတွေ . . . ။ အချိန်မရွေးထိုးကျွေးခံရနိုင်တယ်။ နောက်တခုက ကချင်ပြည်နယ်က . ၀ ပြည်လိုမဟုတ်ဖူး . . . ။ ကချင် ပြည်နယ်က ကျနော်တို့ မြစ်ချောင်းတွေရဲ့ ရေဝေအရပ် . . . အစ္စရေးအတွက် ဂိုလန် ကုန်းမြင့်လိုပဲ . . အဲ့ဒါက ကျောက်စိမ်းထက် ပိုတန်တယ်။ ကျနော်တို့ရဲ့ ရေဝေအရပ်ကို . .ကျနော်တို့ရဲ့အပြည့်အ၀ ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်။ . နို့မဟုတ်ရင် . အားလုံး ရေပြသနာနဲ့ ဒုက္ခများသွားမယ်။ အဆိပ်ရှိတဲ့ မြွေဆိုတာ . .ကိုယ့်ကိုယ် ပြန်မရစ်ပတ်လာနိုင်မီကတည်းက ရှင်းထားမှ . . . KIA က မြန်မာနိုင်ငံအတွက် . . .အဆိပ်ရှိတဲ့မြွေပဲ . ..မရှင်းနိုင်ရင် အားလုံးဒုက္ခများသွားမယ်။ KIA ရဲ့ Soft ပါဝါ Hard ပါဝါ စိုးမိုးမှု အရမ်းကြီးမကြီးကျယ်လာခင် လုပ်ထားသင့်နေပြီ။ ကချင်ပြည်နယ်က လူထုတရပ်လုံးကို ရစ်ပတ်စီးဝင်သွားပြီးမှ ၀ုန်းဒိုင်းထရှင်းရင် . . . အားလုံးပိုဒုက္ခရောက်ကြရမယ့် အရေးရှိမယ်။ . သက်ဆိုင်ရာ လူကြီးသူမတွေအနေနဲ့လဲ စားပွဲဝိုင်း အိပ်မက်ကို ပြန်စဉ်းစားသင့်ပီ။ KIA/KIO တွေဟာ နှစ်ပေါင်းများစွာ ရည်ရွယ်ချက်ကြီးကြီးနဲ့ စနစ်တကျ လုပ်ခဲ့တာဟာ . . စားပွဲဝိုင်းထိုင်ပီး . . ဒီဘက်ကလူတွေ ပေးနိုင်သလောက်ယူပီး ပြန်ဖို့ မဟုတ်ဖူး။ ။ --------------------------------------------------------------------- #Admin Anonymous

No comments:

Post a Comment