Friday, December 12, 2014

RCSS/SSA အဖွဲ့၏ လူသစ်စု၊ ဘိန်းဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံရွာသားများ စိတ်ပျက်လျက်ရှိ

RCSS/SSA အဖွဲ့၏ လူသစ်စု၊ ဘိန်းဆက်ကြေးကောက်ခံမှုကြောင့် ဒေသခံရွာသားများ စိတ်ပျက်လျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်အတွင်းသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့မှ လူသစ်စု၊ ဘိန်း ဆက်ကြေးများ လာရောက်ကောက်ခံလျက်ရှိကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ အဆိုပါအဖွဲ့သည် ဟိုလွိုင်ကျေးရွာအုပ်စု၊ မိုင်းညုစံကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံလူငယ်(၅)ဦးအား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု စွပ်စွဲကာ လူသစ်အဖြစ်စုဆောင်းသွားကြောင်း ရွာသားတစ်ဦး၏ပြောပြချက်အရ သိရသည်။ “ဒီရွာမှာ ရှိတဲ့ လူငယ်တွေက မူးယစ်ဆေးဝါး သုံးစွဲဖို့နေနေသာ ကိုယ့်တောင်ယာလုပ်ငန်းကိုပဲ အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်နေရတာပါ၊ သူတို့အဖွဲ့ထဲက လူတွေကသာ မူးယစ်ဆေးဝါးတွေ သုံးစွဲနေကြတာ”ဟု ရွာသားတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့နေဖြင့် ကျေးရွာအုပ်စုများနှင့် ကျေးရွာများအား ဘိန်းစိုက်ပျိုးသည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ၃ သိန်းနှုန်းဖြင့် အတင်းအကြပ်ကောက်ခံလျက်ရှိကြောင်းလည်း သိရသည်။ “သူတို့ပြောတဲ့ ဘိန်းစိုက်ပျိုးတယ်ဆိုတာက မြို့ပေါ်က လုပ်ငန်းရှင်တွေက သူတို့ဘာသာလာစိုက်တာ၊ ဒီဒေသခံတွေက ဘယ်သူမှ မစိုက်ကြဘူး၊ အခုလို ဆက်ကြေးလာကောက်တယ်တယ်ဆိုတော့ ဘယ်က ပိုက်ဆံနဲ့ ဘယ်လိုရှာပေးရမှန်းကိုမသိဘူး ဖြစ်နေတယ်”ဟု ရွာသားတစ်ဦးက စိတ်ပျက်စွာပြောသည်။ စိုင်းအောင် Photo : ဧရာဝတီ 

No comments:

Post a Comment