Tuesday, December 2, 2014
ရိက္ခာဝယ်ယူရန် ၀င်ရောက်လာသော KIA အဖွဲ့အား အိန္ဒိယအာဏာပိုင်များက ပိတ်ပင်တားမြစ်
ရိက္ခာဝယ်ယူရန် ၀င်ရောက်လာသော KIA အဖွဲ့အား အိန္ဒိယအာဏာပိုင်များက ပိတ်ပင်တားမြစ်
ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၄
ကချင်ပြည်နယ်၊ ရော်ကာအိုင်တွင် အခြေပြုနေသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်နေ့က တစ်ဖက်အိန္ဒိယနိုင်ငံထဲသို့ မြန်မာ-အိန္ဒိယ နယ်စပ်မှ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းစဉ် အိန္ဒိယ အာဏာပိုင်များက ၀င်ခွင့်မပြုဘဲ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း အလွတ်သတင်းထောက်တစ်ဦး၏ သတင်းပေးပို့ချက် အရ သိရသည်။
အဆိုပါ အဖွဲ့သည် ရိက္ခာဝယ်ယူရန် တစ်ဖက်အိန္ဒိယနိုင်ငံ၊ ဂျာရန်ပူမြို့၊ ဘော်ဒိုဇာကျေးရွာသို့ မင်ဒီရွာဟောင်းမှ ဂီတော၊ ၎င်းမှတစ်ဆင့် တောလမ်းကြောင်းအတိုင်း ၀င်ရောက်ခဲ့ရာ ၀ယ်ယူခွင့်မရခဲ့ကြောင်း သိရသည်။
“ မနက် ၈ နာရီလောက်မှစပြီး ထွက်သွားကြတာ၊ ဟိုရောက်တော့ ၀င်ခွင့်မရဘူးလို့ ပြောတယ်၊ နေ့လယ် ၁ နာရီခွဲ လောက်မှာ ပြန်ရောက်လာကြတာ မြင်တယ် ” ဟု ယင်းသတင်းထောက်က ဆက်လက်ပြောကြားသွားသည်။
KIA အဖွဲ့အား အိန္ဒိယနိုင်ငံ၊ အာသံ(၄၂)တပ်ရင်းမှ အာဏာပိုင်များက ၎င်းတို့ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည့်အပြင် စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေသောကြောင့် အ၀င်မခံခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအပြင် KIA အဖွဲ့ဝင်များအား ယူနီဖောင်းဝတ်၊ လက်နက်ကိုင်ဆောင်၍ အိန္ဒိယနိုင်ငံ နယ်စပ်မှ (၂)မိုင် ၀န်းကျင် အတွင်း ၀င်/ထွက်သွားလာလှုပ်ရှားမှုများ မပြုလုပ်ရန် ပြောကြားခဲ့ကြောင်းလည်း သိရသည်။
“ KIA က သူနေတဲ့ လိုင်ဇာဝန်းကျင်လောက်မှာ အာဏာပြလို့ရတဲ့အတွက် ဘ၀င်မြင့်နေတာပါ၊ အိန္ဒိယလို နိုင်ငံမျိုး ကတောင် သူတို့ KIA အဖွဲ့ကို သူပုန်တွေလို့ သတ်မှတ်ထားတာ၊ ကိုယ့်နိုင်ငံက လူကြီးတွေ သဘောကောင်းတာကို KIA က အခွင့်အရေးယူနေတာ၊ သူ့အဆင့်သူ မသိဘူး ” ဟု ဒေသခံတစ်ဦးက ပြောကြားသွားသည်။
ဇော်မိုင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment