Thursday, December 4, 2014

KIA ဆိုတာ ချစ်တီးကုလား လက်သစ်လေလား . . ? KIA ဆိုတာ ချစ်တီးကုလား လက်သစ်လေလား . . ? KIA ဆိုတာ ချစ်တီးကုလား လက်သစ်လေလား . . ?

KIA ဆိုတာ ချစ်တီးကုလား လက်သစ်လေလား . . ?

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၄ ချစ်တီးကုလားဆိုတာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်တုန်းက ဆင်းရဲသား၊ လယ်သမားတွေဆီကနေ ခေါင်းပုံဖြတ် အမြတ်ကြီးစားခဲ့တဲ့ ပြည်သူ့ချဉ်ဖတ်အဖြစ် ယနေ့တိုင် မမေ့နိုင်ကြသေးပါ။ လယ်သမားတွေကို ငွေအတိုးနဲ့ချေးပြီး ပြန်မဆပ်နိုင်ရင် ရှိသမျှ လယ်၊ ယာ၊ ကျွဲ/နွား၊ အိမ် ပိုင်ဆိုင်မှုတွေ သိမ်းခဲ့တယ်။ အဲဒီခေတ်က မြန်မာလယ်သမားတွေ ဟာ ချစ်တီးကုလားကြောင့် ဘ၀ပျက်ခဲ့ရတဲ့ သူတွေလည်း မနည်းပါဘူး။ ဒီနေ့ခေတ်မှာလည်း ချစ်တီးကုလားလက်သစ်ပေါ်လာပြန်ပါပြီ။ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းက လယ်ပိုင်ရှင်တွေ၊ လယ်ငှားရမ်းလုပ်ကိုင်သူတွေဆီကနေ ငွေတောင်းနေတဲ့ပြဿနာဖြစ်ပါတယ်။ ချစ်တီးကုလားက ငွေပေးပြီးတော့ အတိုးစားတာပါ။ ငွေအရင်းလည်း မပေးဘဲနဲ့ အမြတ်စားချင်နေတဲ့ အဖွဲ့ကတော့ KIA ပဲ ဖြစ်ပါ တယ်။ အံ့အားသင့်စရာကောင်းတာက ကချင်ပြည်နယ်မှာ ရွှေမှော်၊ ကျောက်စိမ်းမှော်၊ သစ်မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို တွေကနေ ငွေအလုံးအရင်းလိုက်ဝင်နေတဲ့ KIA လိုအဖွဲ့အနေနဲ့ လယ်သမားတွေဆီက ငွေတောင်းတာ ကတော့ ပြောပြဖို့တောင် စကားလုံးရှာမရတော့ပါဘူး။ အဲဒီလို အနိုင်ကျင့်မှုတွေကြောင့် KIA အဖွဲ့ဟာ အခုဆိုရင် ကချင်တိုင်းရင်းသားများရဲ့ ချဉ်ဖတ်ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။ မိုးကောင်းမြို့နယ်ထဲက လယ်သမားတွေကို ဒီဇင်ဘာ ၁ ရက်နေ့တုန်းက KIA အဖွဲ့က ခေါ်တွေ့ပါသတဲ့ဗျာ။ အစော က ပြောခဲ့တဲ့ လယ်ပိုင်ရှင်တွေ ဆီက ငွေတောင်းတာပါ။ လယ် ၁ ဧက ပိုင်ရင် ငွေ ၇၀၀၀ ကျပ်၊ လယ် ၁ ဧက ငှားရမ်း လုပ်ကိုင်သူတစ်ဦးဆိုရင် ငွေ ၅၀၀၀ ကျပ်၊ လယ် ၅ ဧက ပိုင်ရင် ဆန် ၁ အိတ်နဲ့ငွေ ၂၀၀၀၀ ကျပ်၊ လယ် ၁၀ ဧက ပိုင်ရင် ဆန် ၂ အိတ် ငွေ ၃၀၀၀၀ ကျပ် ဖြစ်ပါတယ်။ လယ်သမားတွေဆီက ငွေတောင်းရအောင် အဲဒီလယ်သမားတွေအတွက် KIA အဖွဲ့ ဘာလုပ်ပေးထားသလဲ မေးကြည့်ပါတယ်။ လယ်ပိုင်ဆိုင်မှုကို ငွေတောင်းတာထက် ပိုဆိုးတဲ့ လုပ်ရပ်ကိုလည်း သူတို့ကျူးလွန်နေဆဲ ဖြစ်ပါ တယ်။ အဲဒါကတော့ မိုးကောင်းမြို့နယ်အတွင်းမှာ လူမျိုးဘာသာမရွေး တွေ့သမျှလူတိုင်းကို လူသစ်စုဆောင်းတာပဲ ဖြစ်ပါတယ်။ မိုးကောင်းမြို့နယ်ထဲက ဒေသခံလယ်သမားတွေရဲ့ ဘ၀ကို သနားမိပါတယ်။ ဂျပန်ခေတ်တုန်းက သူ့ကျွန်ဘ၀ အောက်ရောက်နေလို့ ချစ်တီးတွေ ဂုတ်သွေးစုပ်တာ ခံရတာပါ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာတဲ့ အချိန်အခါမှာ KIA အဖွဲ့ရဲ့ လုပ်ရပ်က ချစ်တီးတွေထက် ပိုမိုအကျဉ်းတန်လွန်းတယ်လို့ပဲ ပြောချင်ပါတယ်။ ချစ်တီး ကုလား လက်သစ်ဖြစ်တဲ့ KIA ရဲ့ လုပ်ရပ်တွေကို ဒေသခံပြည်သူများအနေနဲ့ ၀ိုင်းဝန်းကာကွယ်ကြပါလို့သာ အသိပေး လိုက်ချင်ပါတယ်။ ဇော်မျိုးမင်း

No comments:

Post a Comment