သမီးရင်းအား မုဒိန်းကျင့်၍ ရလာသော ရင်သွေးကို သတ်ပြီး ချောင်းထဲမျှောခဲ့သည့် လူမဆန်သူ ဖခင်အား ကျွန်းဒဏ်အပြစ်ပေး
------------------------------------------------------------------------ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ထန်းတောကျေးရွာတွင် သမီးအရင်းကို မုဒိန်းမှုကျူးလွန်ပြီးရလာသောကိုယ်ဝန်မှ မွေးလာသောကလေးကို သတ်ပစ်၍ မဲဇာချောင်းထဲမျောခဲ့သောဖြစ်ရပ်တခု အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သည်။ ၁၉နှစ်အရွယ် သမီးကို ကာမကျူးလွန်၍ ရလာသောကိုယ်ဝန်မှ မွေးလာသောကလေးငယ်ကို လည်ပင်းနဲ့ဗိုက်ကိုညှစ်သတ်ပြီး စောင်ဖြင့်ပတ်ကာ မဲဇာချောင်းထဲ မျှောခဲ့သည်ကို မီးနေစောင့်ပေးသည့် သမီး ၁၅နှစ်က မြင်ပြီး မခံနို်င်လွန်းသဖြင့် ရဲစခန်းတိုင်ခဲ့သည်။ အဆိုပါဖြစ်ရပ်အား အင်းတော်ရဲစခန်းမှ အမှုဖွင့် ပြီးတရားစွဲခဲ့ရာမှ ကသာခရိုင် တရားရုံးကိုရောက်ခဲ့သည်။ကသာခရိုင်တရားရုံးမှ ပြစ်မှုကျူးလွန်သူ မောင်မိုး(ခ)ငမိုး ၄၂နှစ်ကို ယခုလ ၁၅ ရက်နေ့က ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ကျွန်းဒဏ်၊ ပြစ်မှုပုဒ်မ ၃၀၂(၂)ဖြင့် ကျွန်းဒဏ်၊ ပုဒ်မ ၃၁၈ အရ ထောင်ဒဏ်၂ နှစ် သီးခြားစီကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။ အေးလွင်(ကသာ) #News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment