Sunday, December 14, 2014

TNLA အဖွဲ့မှ ဒေသခံပလောင်တိုင်းရင်းသားများအား လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

TNLA အဖွဲ့မှ ဒေသခံပလောင်တိုင်းရင်းသားများအား လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

15.12.2014 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ မန်နောက်ကျေးရွာအုပ်စုအတွင်း၌ နေထိုင်သော ဒေသခံ ပလောင်တိုင်းရင်းသားများအား ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်မှာ မန်နောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၈ ရွာမှ ရွာသားများအား ဖမ်းဆီး၍ မန်နောက် ကျေးရွာတွင် စုစည်းကာ နံနက် ၂ နာရီခန့်တွင် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်ရွာခံတစ်ဦးက ပြောသည်။ TNLA အဖွဲ့မှ ဖမ်းဆီးသွားသော ပလောင်ရွာသားများမှာ မန်နောက်ကျေးရွာမှ ၄ ယောက်၊ ကင်ကပေါင်း ကျေးရွာမှ ၂ ယောက်၊ ဟိုချောင်းကျေးရွာမှ ၂ ယောက်၊ ကဒင်တလိတ်ကျေးရွာမှ ၂ ယောက်၊ ကျောက်ဖြူအွန်း ကျေးရွာမှ ၂ ယောက်၊ ဖြူကုန်းကျေးရွာမှ ၃ ယောက်၊ တခရက်ကျေးရွာမှ ၂ ယောက်၊ နောက်လွယ်ကျေးရွာမှ ၄ ယောက် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နယ်မြေတွင် TNLA အဖွဲ့၊ တပ်ရင်း (၂၅၆)ရင်းမှူး တာလတ်ခရိုး ဦးစီးအဖွဲ့ လှုပ်ရှားလျက်ရှိရာ ရွာသား ၅၀ ဦးအား ဖမ်းဆီးသွားသော အဖွဲ့မှာ ယင်းအဖွဲ့ဖြစ်ကြောင်း ဒေသခံတစ်ဦးက အခိုင်အမာ ပြောဆိုသည်။ “ လက်နက်ကိုင်ထားတာဆိုပြီး ပြည်သူကို အနိုင်ကျင့်နေတာကြာပြီ၊ ငါတို့ ပလောင်ဒေသအတွက် TNLA အဖွဲ့ မလိုဘူး၊ ဘာကောင်းကျိုးမှလည်း မလုပ်ပေးဘူး၊ ငါ့ကြောင့် ငါတို့ပလောင်တွေ အေးအေးချမ်းချမ်း နေနိုင်အောင် TNLA အဖွဲ့ကို တိုက်ထုတ်ပေးပါလို့ပဲ ပြောချင်တယ် ”ဟု ဒေသခံပလောင်တိုင်းရင်းသား ဦးအိုက်နိုင်က ပြောသည်။ အဆိုပါအဖွဲ့မှ အပြစ်မဲ့ ပလောင်ပြည်သူများအား ဖမ်းဆီးသွားမှုအပေါ် အရေးယူပေးရန်နှင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မိုင်းအိုက်ကျော်ရွှေ 

No comments:

Post a Comment