Sunday, December 14, 2014

KIA အ ပေါ်ကျရောက်နေသော ငြိမ်းချမ်းရေးဖိအား ထုထည်ကြီးမားလွန်းသည်

 KIA အ ပေါ်ကျရောက်နေသော ငြိမ်းချမ်းရေးဖိအား ထုထည်ကြီးမားလွန်းသည်

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း ရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျရောက်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ရိုက်ခတ်မှုများ ရှိလာခဲ့သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ဆီမှ အသံထွက်လာခဲ့သည်။ ထိုဖြစ်စဉ် ကြောင့် အစိုးရနှင့် NCCT တို့ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ်သည်လည်း လိပ်ခဲတည်းလည်း အခြေအနေရောက်ရှိသွားခဲ့သည်။ အစိုးရတပ်မတော်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းသာဖြစ်သည်ဟု KIA ဘက်မှ ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ လမ်းပြင်နေသော အစိုးရစစ်ကြောင်းများအား KIA အဖွဲ့မှ နှောင့်ယှက်ပစ် ခတ်ခြင်းကြောင့် ပြန်လည်တုံ့ပြန် ပစ်ခတ်ရခြင်းသာဖြစ်ေ ကြာင်း ပြောဆို ထားပါသည်။ ထိုဖြစ်စဉ်တွင် ဘယ်သူမှန်၍ ဘယ်သူမှားသလဲဆိုတာ တိကျရေရာသည့် အဖြေမရှိဘဲ နှစ်ဖက်စလုံး အကြောင်းပြချက်ကိုယ်စီ ရှိနေသည်။ ထိုဖြစ်စဉ်နောက်ပိုင်း ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သော UNFC က ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ပြောကြားလာခဲ့သည်။ သို့သော် တပ်မတော်ဘက်က ယခု လက်ရှိမြန်မာ့တပ်တော်သည် ပြည်ထောင်စု တပ်မတော်သာဖြစ်ကြောင်း၊ စင်ပြိုင် တပ်မတော်နှစ်ခုသုံးခု ဖွဲ့စည်းတာ မည်သည့်နိုင်ငံတွင်မှ မရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါသည်။ တစ်ဖန် FUA နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့က လက်မခံကြောင်း သဘောထားရှိသလို တောင်ပိုင်း ဖက်ဒရယ်တပ်မတော်ကိုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က လုံးဝလက်မခံကြောင်း ပြောဆိုထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် KIA ဦးဆောင်နေသော FUA၊ UNFC ၏ ရပ်တည်ချက်များသည် အများသဘောထားနှင့် ဆန့်ကျင်နေသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် KIA အဖွဲ၏ လူသစ်စုဆောင်းမှုနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကလည်း အမေရိကန်လူ့အခွင့် အရေး ဒုတိယအတွင်းဝန်နှင့် မြစ်ကြီးနားမှာတွေ့ဆုံစဉ် တိုင်ကြားစာများ ပေးလိုက်ပြီဟု သိရပါသည်။ KIA ၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် အမေရိကန်က ယုံကြည်ခဲ့မည်ဆိုပါက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ တောင်းဆိုမှု များအတိုင်း ဆောင်ရွက်မှုများ ရှိလာနိုင်ပါသည်။ KIA အနေဖြင့် ကိုယ့်နိုင်ငံအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ပခုံးယှဉ်နေသော လုပ်ရပ်က အန္တရာယ်ကြီးလွန်းသည်။ ကချင်ပြည်နယ်မှာ နေထိုင်သော ရှမ်းမျိုးနွယ်စုများကလည်း နည်းလမ်းပေါင်းစုံဖြင့် KIA ကို တိုက်ခိုက်နေပြီဖြစ် ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကလည်း KIA ဦးဆောင်နေသော UNFC ၊ FUA မှာ မပါဝင် ဘဲ ဝေးဝေးက ရှောင်နေကြပြီ ဖြစ်ပါသည်။ အကယ်၍ KIA အနေဖြင့် ငြိမ်းချမ်းရေးမယူဘဲ အချိန်ဆွဲထားမည်ဆိုပါက မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပါသည်။ ထိပ်တိုက်ရင်ဆိုင် မလား သို့မဟုတ် ငြိမ်းချမ်းရေးယူမလား တစ်ခုခုကိုေ တာ့ ရွေးချယ်ရပါတော့မည်။ KIA အပေါ် ကျရောက်နေသော ငြိမ်းချမ်းရေးဖိအား ထုထည်ကြီးမားလွန်းနေတာကတော့ အမှန်ပင်ဖြစ်ပါသည်။ နေ၀န်းသစ်

No comments:

Post a Comment