Sunday, December 14, 2014

KIA ကို ရွှေလက်နဲ့ ခေါ်ပါသော်လည်း

 KIA ကို ရွှေလက်နဲ့ ခေါ်ပါသော်လည်း

ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၄ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ကူးပြောင်းလာပြီး နောက်ပိုင်း ပြည်တွင်းငြိမ်း ချမ်းရေးကိုအဆုံးသတ်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အစိုးရမှ အပစ် အခတ်ရပ်စဲရေး ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးကို ပြည်နယ်အဆင့်၊ ပြည်ထောင် စုအဆင့်၊ ပြည်ထောင်စု လွှတ်တော်အဆင့်ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကြောင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၂)ဖွဲ့ အနက် (၁၁)ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များမှာ “၀” သွေးစည်း ညီညွတ်ရေးတပ်မတော် UNSA “၀” အဖွဲ့၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား)အဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ကလိုထူးသောကရင်အစည်းအရုံး(KKO)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ( ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မွန်ပြည်သစ်ပါတီ(NMSP)၊ ရခိုင်လွတ် မြောက်ရေးပါတီ (ALP)၊ နာဂဆိုရှယ်လစ်ကောင်စီ(ခက်ပလန်)(NSCN)၊ ပအိုဝ့်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်ကြပါသည်။ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ယခင်တပ်မတော်အစိုးရလက် ထက်မှာရော ဒီမိုကရေစီနိုင်ငံတော် အစိုးရ လက်ထက်မှာပါ ငြိမ်းချမ်းရေးယူထား သောအဖွဲ့များဖြစ်သည်။ ထူးခြားချက်မှာ နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ် ဆင်နွှဲခဲ့ သော KNU လို အဖွဲ့အစည်းသည်ပင်အစိုရနှင့် အပစ်ရပ် လက်မှတ်ထိုး နိုင်ခဲ့ပြီဖြစ်ပါသည်။ သို့သော်ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့ကတော့ ယခုအစိုရ လက်ထက်တွင် ယနေ့အချိန်အထိ အပစ်ရပ် လက်မှတ်ထိုးနိုင်ခြင်းမရှိသေးပေ။ ၂၀၁၁ခုနှစ်အတွင်းက တစ်ကျော့ပြန်တိုက်ပွဲများတွင် နိုင်ငံတော်သမ္မတ၏ ဖြေလျော့ ပေးမှု၊ တပ်မတော်၏ စာနာထောက်ထားမှုကြောင့် ဗဟိုဌာနချုပ် လိုင်ဇာကို သိမ်းပိုက်ခါနီး လက်တစ်ကမ်းအလိုတွင် စစ်ဆင်ရေးများ ရပ်တန့်ပေး ခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် KIA အဖွဲ့အား အစိုးရအဖွဲ့မှ အပစ်ရပ်စဲရေး ကမ်းလှမ်းမှုများ အကြိမ် ကြိမ်ပြုလုပ်ခဲ့သော်လည်း အပစ်ရပ် ရေးထက်နိုင်ငံရေး ဆွေးနွေးပွဲဆီသွားချင် သည်ဟု မဖြစ်နိုင်သည်များ တောင်းဆိုလာသည်။ အခြားသောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ပြီးသော်လည်း KIA ၏သဘောထားက ဝေဖန် စရာဖြစ်လာခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးတွင် KIA ၏လုပ်ရပ်များက ရွှေလက်နဲ့ခေါ်တာကို ငြင်းပယ်နေသောပုံစံမျိုးဖြစ်နေပါသည်။ အဆုံးစွန်ဆုံးပြောရလျှင် တစ်ဖွဲ့တည်း သင်းကွဲနေမည်ဆိုပါက အနာဂတ်မှာ KIA အတွက် ကြီးမားသော ခြိမ်းခြောက်မှု များနှင့် ရင်ဆိုင်ရနိုင်ပါသည်။ အချိန်အခါသင့်တစ်ခိုက် အများနည်းတူ KIA အနေဖြင့် အပစ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ပြောဆိုချင်ပါ သည်။ ဇင်သန့်

No comments:

Post a Comment