Thursday, December 4, 2014
ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများကြောင့် ကချင်မနောပွဲ ကျင်းပမည်ကို လက်မခံ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ကချင်ပြည်နယ်အစိုးရက ကြီးမှူးကျင်းပမည့် ကချင်ပြည် နယ်နေ့ အထိမ်းအမှတ်ကို လက်ခံကြို ဆိုသော်လည်း ကချင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများရှိနေခြင်း ကြောင့် ကချင်ပြည်သူလူထု၏ သင်္ကေတဖြစ်သော မနောပွဲကိုမူ ကျင်းပရန် လက်မခံကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိ သူများနှင့် ဒီဇင်ဘာလ ၁ရက်နေ့က တွေ့ဆုံ စဉ် ပြော ဆိုခဲ့သည်ဟု မနောပွဲမကျင်းပရန် လက်မှတ် ထိုးကမ်ပိန်း (Signature Compaign) ပြုလုပ်နေသည့် လူငယ် အဖွဲ့တာဝန်ရှိသူများက ဒီဇင်ဘာ ၃ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
““အဓိကက ကျွန်တော်တို့နဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုတဲ့အပိုင်းက တစ်ထပ်တည်း ကျပေမယ့် မနောပွဲကျင်းပမယ့် အပိုင်းကျတော့ ၀ိဝါဒကွဲနေတာပေါ့၊ ပြည်နယ် အစိုးရ အနေနဲ့ က ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးပြီဆိုတော့ ကျွန်တော်တို့ကို ထောက်ခံပေးဖို့ တောင်းဆိုတာပါ။ ကျွန်တော်တို့ ကလည်း ပြည်သူတွေရဲ့ ဆန္ဒကို ပြည်နယ်အစိုးရအနေနဲ့ စဉ်းစားပေးဖို့ အကြံပေးတောင်းဆိုခဲ့တာပါ။ ဒီတစ် ခေါက်တွေ့ဆုံတာမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားနေတော့ မပါဘူး။ ၀န်ကြီးချုပ်နဲ့တွေ့ဖို့လည်း အစီ အစဉ်ရှိပါတယ်”” ဟု မနောပွဲမကျင်းပရန် (Signature Compaign) ပြုလုပ်သော လူငယ်အဖွဲ့မှ ဦးဆောင် လှုပ်ရှားသော ကိုဂွမ်ဂျာနော်က ပြောသည်။…
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လယ်/ ဆည်ဝန်ကြီးသို့ တက်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၂၈ရက်တွင် ကချင် ပြည်နယ်ဝန်ကြီး ချုပ်ထံ လိပ်မူပေးပို့ထားသည့် မနောပွဲပြုလုပ်ရန် စီစဉ်မှုကိုကန့်ကွက်သည့် ပြည်သူလူထု လက်မှတ်ပေါင်း (၇၉၁၀) ကိုလည်း အလေးအနက်ထားကြောင်း ဒေါ်ဘောက်ဂျာက မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ကချင်ပြည်နယ် အစိုးရအနေနဲ့ ကချင်ပြည်နယ်နေ့ဆိုတာ အလေးအနက်ထားရမယ ကိစ္စပဲလေ။ ကျွန်မတို့ က ကချင်ပြည်နယ်နေ့ကိုပဲ အဓိကထားတာပါ။ အခုက မနောပွဲကို ကျွန်မတို့က အကြီးအကျယ် လုပ်မှာဆိုပြီး နားလည်မှု လွဲနေကြတာပေါ့။ မနောပွဲဆိုတာက ကချင် ပြည်နယ်နေ့ကို ရုပ်လုံးကြွအောင် ထည့်သွင်းတဲ့ သ ဘောပါပဲ။ ကချင်ပြည်နယ် အစိုးရအနေနဲ့ ဒါနဲ့ပတ်သက်ပြီး အကုန်အကျတွေ အများ ကြီးကုန်ကျခံထားပါ တယ်။ လောလောဆယ်တော့ ဇန်န၀ါရီလ ၅ ရက်ကနေ ၁၁ ရက်အထိဆိုပြီး လျာထား ဆောင်ရွက်ရပါတယ်”” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ကချင်ပြည်နယ်နေ့ ပြုလုပ်မည်ကို လက်ခံသော်လည်း မနောပွဲအား ထည့်သွင်းကျင်းပမည် ဆိုပါက တိုက်ပွဲများကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်နေသော ကချင်ပြည်သူလူထု၏ နစ်နာမှုများကို လျစ်လျူရှုရာ ရောက်ပြီး ကချင်လူထုအား စိတ်ဝမ်းကွဲစေသည့်သဘော သက်ရောက်ကြောင်း၊ ပြည်နယ် အစိုးရအနေဖြင့် ပြည်သူလူထု (၇၀၀၀)ကျော် ဆန္ဒပြုလက်မှတ် ရေးထိုးထားမှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အဆိုပါ ဆွေးနွေးပွဲ တွင်ပါဝင်ခဲ့သည့် မနောပွဲ မကျင်းပရန် (Signature Compaign) ပြုလုပ်သည့် လူငယ်အဖွဲ့မှအဖွဲ့ဝင် ကိုနော်အောင်က ပြောကြားသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Subscribe to:
Post Comments (Atom)
No comments:
Post a Comment